13
Books
ဆရာ ချစ်ဦးညိုကို အဖ သဘင်ပညာသည်ကြီး ဦးရွှေဒေါင်းညို၊ အမိ ဒေါ်စိန်ရင် တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွား ခဲ့သည်။ အမည်ရင်း ကျော်စွာ ဖြစ်ပြီး၊ မွေးချင်း (၇) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် မန္တလေးမြို့ နန်းတော်ရှေ့၊ မတ္တရာတိုက် မူလတန်းကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး ၁၉၅၆တွင် မန္တလေးမြို့ ဝက်စလီကျောင်းနှင့် ဘီဘီအိုအေကျောင်းများ၌ အလယ်တန်း တက်ရောက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့ မန္တလေးအထက(၁)မှ ဆယ်တန်း အောင်မြင်သည်။ ၁၉၆၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၌ ဥပစာ ဝိဇ္ဇာ (က) တန်း တက်ရောက်သည်။ ၁၉၆၃-၆၈တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ဒဿနိကဗေဒ အဓိကဖြင့် တက်ရောက်ပြီး ၁၉၆၈တွင် ဂုဏ်ထူးသုံးဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာ ဆက်လက်တက်ရောက်ခဲ့သည်။
၁၉၇ဝမှစ၍ လုပ်သားများကောလိပ်၊ စစ်တွေကောလိပ်၊ ဗဟိုသမဝါယမသင်တန်းကျောင်းတို့တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့ကာ ၁၉၇၅တွင် အမှုထမ်းဘဝကို စွန့်လွှတ်ပြီးနောက် ဇာတ်အဖွဲ့ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ၊ ကျူရှင်ဆရာ အဖြစ် ကျင်လည်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် မိုးဝေစာပေ မဂ္ဂဇင်း အောက်တိုဘာလထုတ်တွင် ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သော ရန်ကုန်မြို့ အလယ် ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ ဘာသာပြန်များ ရေးသားခဲ့သည်။
1 Review
Amora Lynn
10 months ago505 error တက်နေတယ်ဗျ နှင်းကေသရာက