BOOK DETAILS

ပြစ်မှု နှင့် ပြစ်ဒဏ်

Language : မြန်မာ
Publisher :  Whisper Of Words
Pages :  500
File Info :  

Epub, Kfx 


ဒီစာအုပ်ဟာ ၂၀၁၂ ခုနှစ်တွင် အမျိုးသားစာပေဆု ရရှိခဲ့သည့် လူသတ်မှု(ပြစ်မှု) ၀တ္ထုတစ်ပုဒ်ဖြစ်သည်။

ဇာတ်ကြောင်းကို လူသတ်သမားက သူ့ရှုထောင့်က ပြန်ပြောပြတဲ့ ၀တ္ထုပါ။

အပြစ်ကင်းစင်တဲ့ စာဖတ်ပရိတ်သတ်ဟာ အင်မတန်ရက်စက်တဲ့ လူသတ်မှုကြီးထဲမှာ မျောပါသွားပါတော့တယ်။

ဒီ၀တ္ထုကြီးဟာ ကြောင်နဲ့ ကြွက် လိုက်တမ်းပြေးတမ်း ကစားတဲ့လျှို့ဝှက်သည်းဖို၀တ္ထုအမျိုးအစားဖြစ်ပါတယ်။

ဘ၀မှာထွက်ပေါက် မရှိအောင်ပိတ်မိခံနေရပြီး လူသတ်သမားဖြစ်သွားတဲ့ လူငယ်တစ်ယောက်နဲ့ ပျော်ပျော်နေတတ်ပေမယ့် ဇွဲနပဲကြီးတဲ့ စုံထောက်ရဲအရာရှိတို့ရဲ့ စိတ်ဓာတ်ရေးရာ ပညာပြိုင်ခန်းဖြစ်ပါတယ်။

သိပ်ထူးဆန်းပြီး သိပ်ထက်မြက်တဲ့နည်းနဲ့ သူတို့နှစ်ယောက် ဉာဏ်ကစားကြတယ်၊ကွက်ကျော်ရိုက်ကြတယ်။

အလွန်အင်မတန်ကြီးမားတဲ့ အင်အားတစ်မျိုးက လူငယ်ကို ပြစ်မှုကျူးလွန်ဖို့ တွန်းအားပေးတယ်။

အဲဒီမှာ ကာယိကဝေဒနာ၊ စေတသိကဝေဒနာတွေကိုတွေ့ရမယ်။ တစ်ပြိုင်တည်းမှာ လူ့ဂုဏ်သိက္ခာနဲ့ မေတ္တာအကြည်ဓာတ်ကိုလည်း မြင်ရမယ်။

About Author

တင်မောင်မြင့်
5 Books

ဧရာဝတီတိုင်း ဟင်္သာတခရိုင် စစ်ကျွန်းရွာတွင် အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE)တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်နှင့် အငြိမ်းစားယူသည်။ ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်း မဂ္ဂဇင်းတွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

0 Reviews