BOOK DETAILS

ကန္တာရခရီးသည်

Language : မြန်မာ
Publisher :  Whisper Of Words
Pages :  362
File Info :  

Epub


အရှေ့ဘက်ကမ်းရိုးတန်းဒေသ၏ ကြွယ်ဝချမ်းသာသော မိသားစု နောက်ခံရှိ လူငယ်တစ်ဦးသည် ၁၉၉၂ ခုနှစ်၊ ဧပြီလအတွင်း၌ အလာစကာပြည်နယ်သို့ ကားကြုံစီး ခရီးထွက်လာခဲ့ပြီး မက်ကင်းလေးတောင်၏ မြောက်ဘက်လူသူနေထိုင်ခြင်းမရှိသော ကန္တာရတောကြီးအတွင်းသို့ တစ်ဦးတည်း လမ်းလျှောက်ဝင်ရောက်သွားခဲ့သည်။ ထို့နောက် လေးလအကြာတွင် ဆတ်မုဆိုးအဖွဲ့တစ်ဖွဲ့က သူ၏ ပျက်စီးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်။

၁၉၉၀ပြည့်နှစ် နွေရာသီကာလအတွင်း အမ်မိုရီတက္ကသိုလ်မှ ထူးချွန်စွာ အောင်မြင်ခဲ့၍ ဘွဲ့အပ်နှင်းခြင်းခံယူပြီး ချက်ချင်းဆိုသကဲ့သို့ပင် မက်ကန်းဒလက်စ်ကို မြင်တွေ့ရခြင်းမရှိတော့ချေ။ မက်ကန်းဒလက်စ်သည် သူ၏အမည်ကိုပြောင်း၊ မော်တော်ကားနှင့် သူပိုင်ပစ္စည်းများအားလုံး စွန့်လွှတ်၊ ပိုက်ဆံအိတ်အတွင်းရှိ ငွေသားအားလုံးကို မီးရှို့ဖျက်ဆီးပြီးနောက်တွင် ထိုသို့ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထို့နောက်တွင် သူက ဘဝအသစ်တစ်ခုဖန်တီးပြီး လူ့အသိုက်အဝန်း၏ အစွန်အဖျားဒေသတွင် သွားရောက်နေထိုင်ခဲ့သည်။ မြောက်အမေရိကားဒေသတစ်လွှား လှည့်လည်သွားလာရင်း သာမန်ထက်ထူးကဲသော အတွေ့အကြုံသစ်တို့ကို ရှာပုံတော်ဖွင့်ခဲ့သည်။ သူ၏မိသားစုက သူ ဘယ်ရောက်၍ ဘာဖြစ်နေသည်ကို မသိကြသည်မှာ အလာစကာပြည်နယ်တွင် သူ၏ရုပ်အလောင်းကို တွေ့ရှိကြသည့်တိုင်အောင်ပင်ဖြစ်သည်။

About Author

ရာပြည့်
1 Book

ရာပြည့်ကို ဖခင်ကျားဘညိမ်း မိခင် ဒေါ်ကြည်ကြည်တို့က ၁၉၅၉ မန္တလေး မြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး နှစ် တစ်ရာပြည့်သည့်နှစ်တွင် မွေးဖွားခဲ့သဖြင့် ငယ်အမည် ရာပြည့်ကိုပင် ကလောင်အမည်ဖြစ် ခံယူခဲ့သည်။ အမည် ရင်းမှာ ထွန်းအောင်ညိမ်း ဖြစ်သည်။ လစဉ်ထုတ် မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ဘာသာပြန်ဆောင်းပါး ဝတ္ထုများ ရေးသားခြင်းမှ စတင်ကာ စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ အရိုင်းဒီရေ၊ စာအုပ်သူခိုး၊ ဓားရိုးကမ်း စာအုပ် များသည် ရာပြည့်၏ ထင်ရှားသော ဘာသာပြန် လက်ရာများဖြစ်သည်။ ၂၀၁၈ ၊ အောက်တိုဘာ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကန္တာရခရီးသည် စာအုပ်သည် ဆရာ၏ နောက်ဆုံးလက်ရာ တစ်ခုဖြစ်ပါသည်။

0 Reviews