BOOK DETAILS
၁၉ ရာစုတုန်းက စက်ရုပ်တွေ စတင်ပေါ်ပေါက်လာတဲ့ အချိန်မှာ လူသားတွေရဲ့ အလုပ်အကိုင်တွေကို စက်ရုပ်တွေက လုယူသွားမလား ဆိုပြီး ကျွန်တော်တို့ စိုးရိမ်ခဲ့ကြဖူးပါတယ်။ ဒါမဲ့ အဲ့ခေတ် အခါက စက်ရုပ်တွေက ကိုယ်ပိုင်ဉာဏ်ရည်မရှိတဲ့ အတွက် တစ်သမတ်တည်း သတ်မှတ်ပေးထားတဲ့ ကာယ လုပ်သားတွေ နေရာကိုသာ အစားထိုးနိုင်ခဲ့ပြီး စဥ်းစားဆင်ခြင်ပြီး လုပ်ရမဲ့ ဉာဏလုပ်သားတွေ နေရာကိုတော့ အစားမထိုးနိုင်ခဲ့ပါဘူး။ ဒါမဲ့ ၂၁ ရာစုမှာတော့ ဉာဏ်ရည်တုလို့ခေါ်တဲ့ AI နည်းပညာတွေ ပေါ်ပေါက်လာပြီဖြစ်လို့ ဉာဏ်နှင့်ယှဥ်ပြီးလုပ်ရမဲ့ အလုပ်တွေမှာပါ စက်ရုပ်တွေက ဝင်ရောက်လာမယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ဒီဝတ္ထုထဲမှာလည်း လူသားကချေသည်မလေး ဂျူနို နဲ့ စက်ရုပ်ကချေသည် မလေး လိုင်ရာ တို့ရဲ့ အားပြိုင်မှုကို စိတ်ဝင်စားဖွယ် ဖတ်ရှူရမှာပါ။
0 Reviews