BOOK DETAILS
「လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်တုန်းက တရုတ်ပြည်ကို အခြေခံ ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။
「ဇာတ်လမ်းဟာ ပိုင်ဟောနဲ့ရွှယ်ဟွား ဆိုတဲ့ အမျိုးသမီး ၂ ယောက်ကို အဓိကထားရေးသားထားတယ်။ တစ်ယောက်က ဆင်းရဲတဲ့ အောက်ခြေလူတန်းစားက မွေးဖွားလာသူ ဖြစ်ပြီး နောက်တစ်ဦးက လူချမ်းသာမိသားစုက ဖြစ်တယ်။
「ဝေးကွာတဲ့အဆင့်အတန်းတွေ ဆိုပေမဲ့ ကံကြမ္မာ အကြောင်းတရားကြောင့် သူတို့ ၂ ယောက်ဟာအသက် ၇ နှစ်အရွယ်မှာဆုံဆည်းခဲ့တယ်။အင်မတန်ချစ်၊ အင်မတန်ခင်တဲ့လောင်ထုံးတွေဖြစ်ခဲ့ကြတယ်။ဒီနေ့ကာလမှာ ခေတ်စားနေတဲ့ BFF ပေါ့။
「ဖြိုးကျော် ဘာသာပြန်တဲ့ ရွှယ်ဟွားနှင့်လျှို့ဝှက်ယပ်တောင်က မူရင်းစာရေးဆရာမ Lisa See ရဲ့ Snow Flower and Secret Fan ကို ဘာသာပြန်ထားတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ပါ။ မိန်းကလေး ၂ ယောက်ရဲ့ မေတ္တာကို အခြေခံတဲ့ အချစ်ဝတ္ထုပေါ့။ ၇ နှစ်အရွယ်ကနေ သေဆုံးတဲ့အထိ ချစ်မြတ်နိုးကြတဲ့ အမျိုးသမီး ၂ ယောက်ရဲ့ ချစ်ခရီးလမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး ရှိတာတော့ မဟုတ်ဘူး။
「လူတွေမှာ ရှိတတ်တဲ့ အတ္တ၊ မာန၊ အာဃာတတွေ အရောင်ဆိုးလိုက်တော့ သူတို့ရဲ့ ချစ်ခြင်းတရားဟာ လှိုင်းထန်ခဲ့တယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဒီဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ သရုပ်၊ ဇာတ်အိမ်ထိုင်ထားတဲ့ ခေတ် စနစ်ရဲ့ သဘောသဘာဝ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု၊ မိန်းမတွေရဲ့စရိုက်သဘောထား။အဲ့ဒါတွေကို မူရင်းစာရေးဆရာမ Lisa Seeကပိုင်ပိုင်နိုင်နိုင်သရုပ်ဖော်ဇာတ်လမ်းဆင်ပြထားတဲ့စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
0 Reviews