BOOK DETAILS
ကျနော်တို့ဟာ မိဘမေတ္တာကို မြင်းမိုရ်တောင်နဲ့ တင်စားကြတယ်။ ကျနော်တို့ရဲ့ နေ့စဥ်ဘဝပြဿနာတွေကို ဖြေရှင်းပုံ၊ ဘဝခံယူချက်တွေ၊ အပြောအဆိုအပြုအမူတွေက ကျနော်တို့ငယ်ဘဝအတွေ့အကြုံတွေနဲ့ အများကြီးသက်ဆိုင်တယ်လို့ ပြောရင်မမှားပါဘူး။ လူတိုင်းဟာ မိဘကို ချစ်ခင်တွယ်တာကြတယ်၊ မိဘတွေရဲ့ မေတ္တာကိုလိုအပ်ကြတယ်၊အထူးသဖြင့် ကလေးတွေပေါ့။
ဒီစာအုပ်ထဲမှာတော့ မိဘရဲ့ မြင်းမိုရ်ပမာမေတ္တာတွေပြိုလဲသွားမှာကို ကြောက်ရွံ့ထိတ်လန့်ရတဲ့ ကလေးလေးတွေရဲ့ အဖြစ်ကို ဆရာလယ်တွင်းသားစောချစ်က ပီပီပြင်ပြင်ပုံဖော်ထားပါတယ်။
ဆရာဟာ ကျောင်းဆရာပီပီ ကလေးတွေနဲ့ အမြဲထိတွေ့နေရတော့ ကလေးတွေရဲ့ခံစားချက်ကို နားလည်တယ်။
ကလေးတွေနဲ့ ပတ်သတ်တဲ့အတွေ့အကြုံတွေအများကြီးနဲ့ ကလေးဘဝနဲ့ပတ်သတ်တဲ့ဇာတ်လမ်းတွေကို ကလေးတယောက်ရင်ထဲကအတိုင်း ရေးပြနိုင်တယ်။
မိဘရဲ့အိမ်ထောင်ရေးဟာ သားသမီးတွေတွက် ဘယ်လောက်ထိအရေးပါတယ်…
သားသမီးတွေဟာ ဘယ်လောက်ထိခံစားရတယ် နုနယ်တဲ့ ကလေးများရဲ့နုနုနယ်နယ်ခံစားချက်လေးတွေကို အရေးမစိုက် ဂရုမမူ မျက်ကွယ်မပြုသင့်ကြောင်း ဒီစာအုပ်ထဲမှာတွေ့ရမှာပါ။
စာအုပ်ထဲက ဇာတ်ကောင်ကလေးတွေလို စကားမတတ်ပေမယ့် ကျနော်တို့မှာလဲ အဲဒီခံစားချက်တွေရှိခဲ့တယ်ဆိုတာ ကျနော်တို့ broken family တွေအသိဆုံးမို့ မိတ်ဆွေဟာ B-family ဆိုရင် ဒီစာအုပ်ကိုဖတ်ဖို့သေချာစဥ်းစားစေချင်ပါတယ်။
#ဘိုအစ်
0 Reviews