BOOK DETAILS

လင်္ကာဒီပချစ်သူ

Language : မြန်မာ
Publisher :  ချစ်ဦးညို
Pages :  541
Year :  1977
File Info :  

epub, kfx


လင်္ကာဒီပချစ်သူ သည် စာရေးဆရာ ချစ်ဦးညို၏ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် မြေလတ်သားစာပေဖြင့် အုပ်ရေ ၂၀၀၀ ထုတ်ဝေခဲ့သည်။ ၁၉၇၉ တွင် ရှုမဝ မဂ္ဂဇင်း၌ လင်္ကာဒီပချစ်သူ ကို ပန်းချီဝသုန်က ရုပ်ပြဇာတ်လမ်း အဖြစ် ဖော်ပြခဲ့သည်။ ရှုမဝတွင် လင်္ကာဒီပချစ်သူရုပ်ပြကို ၃၆ လကြာ လစဉ် ဖော်ပြခဲ့သည်။

၁၉၈၄ ခုနှစ်တွင် လုံးချင်းရုပ်ပြအဖြစ် ထွက်ရှိပြီး ၁၉၇၉ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၈၁ ခုနှစ်တွင် တတိယအကြိမ်၊ ၁၉၈၈ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ပဥ္စမအကြိမ်၊ ၁၉၉၉ ခုနှစ်တွင် ဆဌမအကြိမ်၊ ၂၀၀၂ ခုနှစ်တွင် သတ္တမအကြိမ်၊ ၂၀၀၄ ခုနှစ်တွင် အဌမအကြိမ်၊ ၂၀၁၄ ခုနှစ်တွင် နဝမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒဿမအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ဧကဒဿမအကြိမ်၊ ၂၀၁၈ တစ်နှစ်အတွင်း၌ပင် ၁၂ကြိမ်မြောက်နှင့် ၁၃ ကြိမ်မြောက်တို့ကို ထုတ်ဝေခဲ့သည်၊၊ ဤစာအုပ်ကို စတင်ထုတ်ဝေစဉ်က ဒဿဂီရိ (ခေါ် ) ရာဝဏ အားအသားပေး၍ မင်းသားတင်ကာ ရေးသားမှု အပေါ်၌ များစွာသော ဝေဖန်မှုများ ရှိသကဲ့သို့ စာရေးဆရာကြီးများ ၏ ချီးကျူးမှုများလဲ ရရှိခဲ့သည်။

About Author

ချစ်ဦးညို
13 Books

ဆရာ ချစ်ဦးညိုကို အဖ သဘင်ပညာသည်ကြီး ဦးရွှေဒေါင်းညို၊ အမိ ဒေါ်စိန်ရင် တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွား ခဲ့သည်။ အမည်ရင်း ကျော်စွာ ဖြစ်ပြီး၊ မွေးချင်း (၇) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် မန္တလေးမြို့ နန်းတော်ရှေ့၊ မတ္တရာတိုက် မူလတန်းကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး ၁၉၅၆တွင် မန္တလေးမြို့ ဝက်စလီကျောင်းနှင့် ဘီဘီအိုအေကျောင်းများ၌ အလယ်တန်း တက်ရောက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့ မန္တလေးအထက(၁)မှ ဆယ်တန်း အောင်မြင်သည်။ ၁၉၆၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၌ ဥပစာ ဝိဇ္ဇာ (က) တန်း တက်ရောက်သည်။ ၁၉၆၃-၆၈တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ဒဿနိကဗေဒ အဓိကဖြင့် တက်ရောက်ပြီး ၁၉၆၈တွင် ဂုဏ်ထူးသုံးဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာ ဆက်လက်တက်ရောက်ခဲ့သည်။

၁၉၇ဝမှစ၍ လုပ်သားများကောလိပ်၊ စစ်တွေကောလိပ်၊ ဗဟိုသမဝါယမသင်တန်းကျောင်းတို့တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့ကာ ၁၉၇၅တွင် အမှုထမ်းဘဝကို စွန့်လွှတ်ပြီးနောက် ဇာတ်အဖွဲ့ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ၊ ကျူရှင်ဆရာ အဖြစ် ကျင်လည်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် မိုးဝေစာပေ မဂ္ဂဇင်း အောက်တိုဘာလထုတ်တွင် ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သော ရန်ကုန်မြို့ အလယ် ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ ဘာသာပြန်များ ရေးသားခဲ့သည်။

0 Reviews