BOOK DETAILS
“လမ်းပေါ်ထွက် ဆန္ဒပြရ… သံပုံးတီးရ… CDM လုပ်ရနဲ့ ကျနော်တို့ ပင်ပန်းလွန်း ပါပြီ… ဒီအဖြစ်အပျက်ကြီးမတိုင်ခင်ကတော့ ကျနော်ဟာလည်း "အမှောင်ထဲမှ မင်းသား များ ၁၉၇၀" ဆိုတဲ့ ဝတ္ထုရှည်တပုဒ်ကို ရေးနေခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဝတ္ထုဟာ ၁၉၆၂ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီး မြန်မာပြည်အမှောင်ကျခဲ့တဲ့ ကာလကို အခြေခံထားတာပါ”
“Princes of The Dark 1970 - အမှောင်ထဲမှမင်းသားများ,၁၉၇၀” အမည်ပေး ထားတဲ့ ဒီဝတ္ထုဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက် စစ်အစိုးရဟာ ပြည် သူအပေါ် မထီမဲ့မြင်ပြုပြီး ဘယ်လိုထင်ရာစိုင်းခဲ့တယ်။ အာဏာရှင်လက်အောက် ဆင်းရဲ ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေဘဝ။ ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ရဲ့ လှည့်ကွက် တွေ… လက်ကိုင်တုတ်တွေအကြောင်း ရေးထားတာဖြစ်ပြီး စာဖတ်သူ ပရိသတ်တွေ အ နေနဲ့ ခဏတာ စိတ်ထွက်ပေါက်အဖြစ် ဖျော်ဖြေပေးဖို့ရာနဲ့ ဒီထဲမှာပါတဲ့ အာဏာရှင်စနစ် အခင်းအကျင်း သမိုင်းတွေကို ဗဟုသုတအဖြစ်သိရှိနိုင်ဖို့ အခန်းဆက်အနေနဲ့ တင်ဆက် ပေးလိုက်တာလို့လည်း ဆိုပါတယ်။
0 Reviews