BOOK DETAILS

ထားဝယ်နှင်းဆီ

File Info :  

kfx, epub


စစ်ပွဲထဲက ဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ခက်ဇော် ရဲ့ ဟန်အတိုင်း တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကျောရိုးပေါ်အခြေခံပြီး တကယ်ရှိတဲ့ ဇာတ်ကောင်များရယ်၊ စိတ်ကူးယဉ်ဇာတ်ကောင်အချို့ ပေါင်းစပ်ဖန်တီးထားတဲ့ ဝတ္ထုအမျိုးအစားပါ။ ဟိုမိုဆေးပီးယန်းခေတ်ကနေ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်အထိ လူသားဖြစ်တည်မှုသမိုင်းနဲ့အတူ မျိုးစုံသောစစ်ပွဲတွေဟာ ကျွဲကူးရေပါခဲ့ကြတယ်။ အမဲလိုက်ကြသူချင်းဖြစ်ကြတဲ့စစ်ပွဲမှသည်၊ ဘာသာရေး၊လူမျိုးရေး စစ်ပွဲတွေထောင်ချီ။ ဖိနှိပ်သူနဲ့ တော်လှန်သူကြားက စစ်ပွဲတွေကလည်း ဒုနဲ့ဒေး။ စစ်ပွဲအများစုဟာ စစ်နိုင်သူယောက်ျားတွေကိုသာ မှတ်တမ်းအဖြစ်၊ ဇာတ်လမ်းအဖြစ် အမွှန်းတင်အသားပေးခဲ့ကြတယ်။ တကယ်တမ်း စစ်ပွဲတခုရဲ့နောက်ကွယ်မှာ နာကြင်ထိခိုက်ခဲ့ရ၊ ပေးဆပ်ရင်းနှီးခဲ့ရတဲ့အထဲ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ပေါ်ပေါ်လွင်လွင်ဖော်ပြခဲ့တဲ့ ဝတ္ထုတွေဟာ နည်းပါးပါတယ်။ ဒီဝတ္ထုကတော့ ကိုလိုနီခေတ်မြန်မာနိုင်ငံကနေ စစ်အာဏာရှင်ခေတ်အထိ ရုန်းကန်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးအဖွဲ့အစည်းတစ်ခုရဲ့..သမိုင်းမှတ်တမ်းပေါ် အခြေခံထားပါတယ်။ "ထားဝယ်အမျိုးသမီးသမဂ္ဂ"ရဲ့ သမိုင်းနောက်ခံဝတ္ထုလို့ ပြောရမှာပါပဲ။ တော်လှန်ရေးအဆက်ဆက် အမေ့ခံဒေသဖြစ်ခဲ့တဲ့ ထားဝယ်ဒေသရဲ့ လူသိနည်းတဲ့ သမိုင်းတွေ၊ ပုန်ကန်မှုအရေးအခင်းတွေ၊ ပြည်တွင်းစစ်၊ ခုခံစစ် ထဲက ရက်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ ယုံကြည်မှုတွေ၊ ရပ်တည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ဒီဝတ္ထုထဲတွေ့ရမှာပါ။ “ထားဝယ်နှင်းဆီ"မှာ သူ့ရဲ့ကလောင်ဟာ ပုံမှန်ရေးနေကျ သူ့ဟန်၊ သူ့သဏ္ဍာန်ထဲကဆိုပေမယ့် အရင်လောက် လွတ်လပ်မှုမရှိတာကိုမြင်ရပါတယ်။ ဇာတ်ကောင်စရိုက်တွေမှာ ပါဝင်တဲ့ အမျိုးသမီးဇာတ်ကောင်တွေဟာ ကြွတက်နေပြီး...အမျိုးသားဇာတ်ကောင်တွေကတော့ သာမန်ကာသျှံကာ ဇာတ်ပို့အဖြစ် ပုံဖော်သွားတာပါ။ "အမျိုးသမီး"အဖွဲ့အစည်းတစ်ခုအပေါ်ပုံဖော်ရေးသားရတာမို့.အမျိုးသမီးအခန်းကဏ္ဍကိုပဲ အဓိကထားရေးသားသွားပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုတာ သင်ခန်းစာယူဖို့၊ သင်ယူတတ်ဖို့ပါပဲ။ လူသိနည်းသေးတဲ့ ထားဝယ်ဒေသရဲ့ တော်လှန်ရေးသမိုင်း အချိုးအကွေ့တွေကို အချစ်၊ အလွမ်း၊ အကြမ်းတွေနဲ့ “ထားဝယ်နှင်းဆီကို ပုံဖော်ထားပါတယ်။

About Author

ခက်ဇော်
11 Books

အမည်ရင်းမှာ ကျော်စွာနိုင် ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ ကလောင်ခွဲမှာ ခက်ဇော် ဖြစ်သည်။ ဗြိတိသျှကိုကိုမောင် နှင့် သရော်စာများ ရေးသားပြီး နာမည်ကျော်ကြားသည်။

0 Reviews