BOOK DETAILS

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

Publisher :  https://t.me/mmebooks
File Info :  

Epub, kfx


About Author

မင်းလူ
31 Books

မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများရေးသားခဲ့သည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ဆောင်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ""နေဝင်သွားတော့ လထွက်သည်"""ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သူမ နှင့် စာရေးဆရာမ ယုယဟူ၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများစတင်ရေးသားခဲ့သည်။

၁၉၈၉ ခု၊ စက်တင်ဘာလ ၂၆ ရက်တွင် "ဘာတွေဖြစ်ကုန်ကြပြီလဲ" ဆိုသည့် ၁၉၈၈ နောက်ပိုင်း ခေတ်စနစ်ကို ရောင်ပြန်ဟပ်စေသည့် ကဗျာရှည်ကို ရေးသားခဲ့သည့်အတွက် တည်းဖြတ်သူ မျိုးမြင့်ညိမ်း၊ ထုတ်ဝေသူ ကိုစိန်လှိုင်တို့နှင့်အတူ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။ [၁][၂]

၁၉၉၁ မှ ၁၉၉၃ ထိ စာအုပ်များ ရေးသားထုတ်ဝေနိုင်ခြင်းမရှိခဲ့ချေ။

၂၀၀၉ ခုနှစ်တွင် "မင်းကိုဉာဏ်"ကလောင်အမည်ခွဲဖြင့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် "ဖတ်ကြည့်ပါ"(စာအုပ်အညွှန်း ကဏ္ဍ)ကို စတင်ရေးသားခဲ့သည်။

မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏နေအိမ်တွင် နေထိုင်၍ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရိုက်ကူးခြင်းခံခဲ့ရပြီး အများစုကို ကိုယ်တိုင်ဇာတ်ညွှန်း ရေးခဲ့သည်။

2 Reviews



Ni Ni Aye
1 week ago

ဖတ်ချင်တာ ဘယ်လိုဖွင့်ရမလဲနော်

Peka
1 month ago

ဒီ site လေး‌ေထာင်ထားတဲ့ admin တွေကို အရမ်းကျေးဇူးတင်ရပါတယ်ဗျာ။ ဖတ်ရတာ အရမ်းအဆင်ပြေတယ်။ personal rating 10/10 ပါ ။ စေတနာနဲ့သေချာလုပ်ထားပေးတယ်ဆိုတာ ပေါ်လွင်လှပါတယ်ဗျာ။ ဘယ်လိုဆက်သွယ်ကျေးဇူးတင်ရမှန်းမသိတာကြောင့် စာအုပ် review ‌နေရာမှာပဲကျေးဇူးအရမ်းတင်ကြောင်းပြောခဲ့ပါရစေ။နောက်ထပ်လည်းစာအုပ်တွေအများကြီးထပ်တင်ပေးဦးနော်။လေးစားလျက်ပါ။