BOOK DETAILS

သူပုန့်အိမ်

Language : မြန်မာ
Publisher :  https://t.me/mmebooks
File Info :  

Epub, Kfx


About Author

မဟာဆွေ
1 Book

မဟာဆွေ (၁၉ဝဝ - ၁၉၅၃) ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်က “မဟာဆွေ (၁၉ဝဝ - ၁၉၅၃)” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြပါသည်။

အမည်ရင်း - မောင်ဘရှိန် (ဦးဘဆွေ) မိဘအမည် - ဦးအောင်ငြိမ်း + ဒေါ်မြင့် မွေးသက္ကရာဇ် - ၁၉ဝဝ ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက် မွေးဖွားရာ ဒေသ - စစ်ကိုင်းမြို့ ကလောင် အမည်ခွဲများ - ကြော့ဝက်လက်၊ မောင်ရွှေကြော့၏ အန္ဈေဝါသိက၊ မောင်ဝင်းကြော့၏ တပည့်၊ စောရသက်ပြင်း၊ မွန်းသော်တာ၊ နေသူရိန်။ ကိုယ်ရေးဖြစ်စဉ် ဆရာ မဟာဆွေသည် မွေးချင်း လေးယောက် အနက် တတိယသား ဖြစ်သည်။ ၁ဝ နှစ်သားတွင် ရှင်သာမဏေ ပြု၍ နှစ်နှစ်တိုင်တိုင် စစ်ကိုင်းရွှေတောင်ဦးကျောင်း၊ အောင်ဝန်ကျောင်းတို့အပြင် ဃောသိတာဝန် ဆရာတော် ကြီးထံတွင် သင်္ဂြိုဟ် ကိုးပိုင်းလုံးကို ပါဠိ အနက် အဓိပ္ပာယ်နှင့် တကွ သင်ယူခဲ့သည်။ ကိုရင်ဝတ်နှင့် လောကီ၊ လောကုတ္တရာ စာပေများ ဆည်းပူးခဲ့သည်။

၁၉၁၂ - ကိုရင်ဘဝမှလူထွက်၍ စစ်ကိုင်းမင်းစံရပ်မှ တကောင်းရပ်သို့ပြောင်းခဲ့သည်။ ဖခင်ဆန္ဒအရ(၇)တန်းအောင်ပြီး (၂)နှစ်နီးပါးမျှ တကောင်းရပ်တွင် ကုန်သည်ပွဲစားလုပ်ခဲ့ရသည်။

ထို့နောက် စစ်ကိုင်းမြို့ ရွှေတောင်ဦး ကျောင်းတွင် အစိုးရ ရှစ်တန်းကျောင်း ဖွင့်လှစ်သဖြင့် ဆက်လက် ပညာ သင်ယူရာ ရှစ်တန်း မြန်မာစာ၌ သင်ကြား ရသော ဆန်း၊ အလင်္ကာနှင့် တကွ ပျို့၊ ကဗျာ လင်္ကာ များသည် မဟာဆွေအား စာရေးဆရာ အဖြစ် သန္ဓေ တည်စေခဲ့သည်။ ဂဏန်းနှင့် အက္ခရာသင်္ချာ ဂုဏ်ထူးဖြင့် အောင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တတိယ ရခဲ့သည်။ မြန်မာကျောင်း တက်ရသော မဟာဆွေသည် အင်္ဂလိပ်စာ တတ်လို လှသော်လည်း ဖခင်က စစ်ကိုင်းမြို့ အထက်တန်း ကျောင်းသို့ ပြောင်းမပေး သဖြင့် မီးရထား ကုန်ရုံ စာရေးကြီး ဦးဘအုန်းနှင့် ဦးဘမြိုင် ဆိုသူတို့ ထံမှ အင်္ဂလိပ်စာကို သင်ယူ ခဲ့ရသည်။

၁၉၁၈ - ဆောင်းပါး ကဗျာများ စတင်ရေးသားခဲ့သည်။ နာမည်အတိအကျမယူသေးဘဲ ရွှေဘိုဘေကို၊ ဇေယျာတောင် က ဧရာမောင်၊ ကြော့-ဝက်လက် စသည်ဖြင့် ကလောင်အမျိုးမျိုးဖြင့် ရေးခဲ့သည်။

၁၉၂ဝ ပြည့်နှစ်တွင် မန္တလေး နော်မန် ဆရာဖြစ်သင်ကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားပြီး ကိုးတန်း အောင်မြင်၍ (၉)တန်းတွင် တစ်ကျောင်းလုံးတွင် တတိယရခဲ့သည်။ အားကစားဘက်တွင် ကျောင်းဘောလုံးသင်းတွင်ပါဝင်ခဲ့သည်။ ကျောင်းနေစဉ် နိုင်ငံရေး စိတ်ဓာတ်အစပျိုးခဲ့သည်။ စကားရည်လုပွဲအသင်း နှင့် သုစရိတယုဝအသင်းကို အခြားကျောင်းသားများနှင့်အတူ တည်ထောင်ခဲ့သည်။

၁၉၂၂ - ခုနှစ်တွင် ဆရာဖြစ် လက်မှတ်ရကာ စစ်ကိုင်းဒိစတြိတ် မြောင်မြို့ ရွှေပေါက်ပင်ရွာတွင် ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၂၅ - ၃၁ ခုနှစ်များတွင် ရွှေဘိုခရိုင် ဝက်လက်မြို့နှင့် ကချင်ပြည်နယ် ဟိုပင်မြို့များတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၃၂ - ဟိုပင်မြို့ ဦးဘသန်း၊ ဒေါ်တင်တင်တို့၏သမီး အနှင်း (ခေါ်) ဒေါ်လှကြည် (ခေါ်) ဒေါ်ကြည်ကြည် နှင့် အိမ်ထောင် ကျသည်။ ဖေဖော်ဝါရီ လတွင် အလုပ်မှထွက်ပြီး ကိုးလ အကြာတွင် ခင်ဦးမြို့၌ ကျောင်းဆရာ ဝင်လုပ်ပြန်သည်။ ရွှေဘို ဒိစတြိတ် ကျောင်းဆရာအသင်းကြီး၏ အတွင်းရေးမှူးချုပ် အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှ စ၍ မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ထွက်ခွာလာပြီး စာရေးဆရာအဖြစ် ကျင်လည်တော့သည်။ သူရိယသတင်းစာတွင် အာစရိယ-ဝက်လက် အမည်ဖြင့်လည်းကောင်း၊ အခြားအမည်များဖြင့်လည်းကောင်ူ ဆောင်းပါးများ ရေးသားခဲ့သည်။

စာပေရေးသားပြုစုခြင်း မဟာဆွေ ဟူသော အမည်ကို မခံယူမီ ၁၉၁၈ ခုနှစ် ခန့်ကပင် ဆောင်းပါး၊ ကဗျာများ ရေးသား ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် သူငယ်ချင်း မောင်ကြော့ကို အဖွဲပြု၍ ကြော့ဝက်လက် အမည်ဖြင် ကဗျာ ရေးခဲ့သည်။ ၁၉၂၆ ခုနှစ် ဝက်လက်မြို့၌ ကျောင်းဆရာ လုပ်စဉ် ဝတ္ထုများ စတင် ရေးသား ခဲ့သည်။ ကလောင်နာမည် ပုံသေ မဟုတ်ဘဲ မောင်ရွှေကြော့၏ အန္ဈေဝါသိက၊ မောင်ဝင်းကြော့၏ တပည့် စသည် အမည်များ သုံးခဲ့သည်။ ၁၉၂၅ ခုနှစ် ဇွန်လ (သို့) ဇူလိုင်လ သူရိယ မဂ္ဂဇင်းတွင် ပါသော ရွှေဖူးစာမြိုင် ဝတ္ထုတိုမှာ မဟာဆွေ၏ ပထမဆုံး ဝတ္ထုဖြစ်ပြီး ပထမဆု အဖြစ် ငွေ ၁၅ ကျပ် ရရှိခဲ့သည်။ အလားတူပင် ရုံးပြာတာကလေး၊ ဘုန်းကြီး လူထွက်နှင့် ဆရာမ ဝတ္ထုတို များသည်လည်း ပထမဆု အဖြစ် ငွေသား ချီးမြှင့် ခံရသည်။

မဟာဆွေ ကလောင် အမည်ကို ၁၉၂၉ ခုနှစ်၊ ဇူလိုင်လထုတ် သူရိယ မဂ္ဂဇင်းပါ မနန်းဝါ ဝတ္ထုမှ စတင် ခံယူခဲ့သည်။ ဖခင်၏ အမိမှာ လှေသင်း အတွင်းဝန် ဦးခြိမ့်၏ နှမ ဖြစ်၍ မိခင်၏ အဖမှာ တိုင်းတားမင်းကြီး၏ ညီအရင်း ဖြစ်ရာ မဟာဆွေ ဟူ၍ ကလောင်အမည် ခံယူခဲ့ခြင်း ဖြစ်သည်။ သူရိယ မဂ္ဂဇင်းတွင် စောရသက်ပြင်း၊ မဟာဆွေ အမည်ဖြင့် ဝတ္ထု တစ်ပုဒ်စီနှင့် တခါတရံ မွန်းသော်တာ အမည်ဖြင့် ဟာသ ဝတ္ထုများ ရေးသားသည်။ ကြီးပွားရေး မဂ္ဂဇင်းတွင် လစဉ် နေသူရိန် အမည်ဖြင့် ဆောင်းပါး တစ်ပုဒ်၊ မဟာဆွေ အမည်ဖြင့် ဝတ္ထု တစ်ပုဒ်စီ ရေးသား ခဲ့သည်။ အမ်အေ မောင်ကြီး ဦးစီးသည့် ရဲသတင်းစာတွင် ၂ နှစ်ကြာ အခမဲ့တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

မဟာဆွေသည် သူရိယရုပ်စုံတွင် ကြုံဖူးတယ်၊ ထောင်နန်းစံ ဝတ္ထု နှစ်ပုဒ်၊ သူရိယ နေ့စဉ်တွင် အကျိုးဆောင်ကြီး၊ တို့မေမေ၊ နှစ်ဆင့်မေတ္တာ၊ ကိုလူလိမ်၊ စနေဂြိုဟ်နှင့် ဆရာဝန်မို့ ဝတ္ထုရှည် ခြောက်ပုဒ် ရေးသား ခဲ့သည်။ စစ်ကြိုခေတ်တွင် ဝါဒဖြန့်ဖြူးရေး အရာရှိချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့ပြီး ရတီမှန်၊ မယ်တို့ပြည်၊ မောင်တို့ပြည်နှင့် မဟာဆွေ၏ မဟာဆွေ စာအုပ်များ ရေးသား ခဲ့သည်။

မဟာဆွေသည် ခေတ်ကို မလိုက်ဘဲ မိမိကသာ ခေတ်ကြီးကို ဆွဲဆောင် ပြုပြင်ခဲ့သည်။ မိမိနိုင်ငံ ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် ဝတ္ထု၊ ဆောင်းပါးများဖြင့် လှုံ့ဆော် ခဲ့သည်။ တို့မေမေ၊ သူပုန်ကြီး၊ သူပုန့်အိမ် ဝတ္ထုများဖြင့် တော်လှန်ရေးကို အစပျိုး ပေးခဲ့သည်။ ရဟန်းတို့၏ ချို့ယွင်းချက်ကို ဈေးချိုသူ ဝတ္ထုနှင့်လည်းကောင်း၊ နတ် ဘိုးဘိုးအောင် ကိုးကွယ် ယုံကြည်မှု များကို ပျို့တောင်ပြုံး၊ ဒမစကြာ၊ စနေဂြိုဟ် ဝတ္ထုများဖြင့်လည်း ရဲဝံ့စွာ ပြုပြင် ပေးခဲ့သည်။

မဟာဆွေသည် အချစ် ဝတ္ထု များလည်း ရေးသား ခဲ့သည်။ မြန်မာပြည်တွင် အိမ်ထောင်မှု အတွင်းရေးများ အဖြစ် အချစ်ပြဿနာ စာအုပ်နှင့် အိမ်ထောင်သည်များ သိသင့်သည် တို့ကို ပြုစု ရေးသားခဲ့သည်။ မဟာဆွေသည် စာပေ အမျိုးမျိုး ပြုစု ရေးသားခဲ့ရာ ဝတ္ထုရှည် ၆ဝ ကျော်နှင့် ဝတ္ထုတို ၅ဝဝ ကျော် ရေးသားခဲ့သည်။

နိုင်ငံရေး ၁၉၃၄ - ဇန်နဝါရီလတွင် ခင်ဦးမြို့ မှ ကျောင်းဆရာအလုပ်နုတ်ထွက်ပြီး စစ်ကိုင်းသို့ပြန်လာခဲ့၍ လူငယ် အသင်းများဖွဲ့ပြီး နိုင်ငံရေးလုပ်ငန်းများ ပြင်းပြင်းထန်ထန်လုပ်ခဲ့သည်။

၁၉၃၈ - ရဲသတင်းစာ ရပ်ခဲ့သည်။ ရန်ကုန်အရေးပိုင်က ထုတ်ပြန်ထားသော ပုဒ်မ(၁၄၄)နှင့် ပုလိပ်ပုဒ်မ(၄၀)ကို သတင်းစာဆရာများဖြစ်ကြသော မဟာဆွေ၊ မန္တလေးသူရိယ ဦးထွန်းရင်၊ ဂဠုန်ဦးစောနှင့် နိုင်ငံရေးသမား ဦးဘအုန်း၊ ဦး အိမ် စသူတို့ ခေါင်းဆောင်၍ အာဏာဖီဆန်ခဲ့ကြသည်။ ထိုနှစ်မှာပင် မဟာဆွေဦးဆောင်၍ အဖွဲ့ဝင်(၇)ယောက်ပါ လျှို့ဝှက် အသင်း ကိုတည်ထောင်၍ နိုင်ငံရေးလုပ်ငန်းများကို စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သည်။

၁၉၃၉ - မဟာဆွေ သဘာပတိအဖြစ်ဆောင်ရွက်၍ ဒီးဒုတ်ဦးဘချို၊ သခင်စိုး၊ သိန်းဖေမြင့် တို့ပါဝင်သော ပထမဦးဆုံးသော မြန်မာနိုင်ငံ စာရေးဆရာအသင်း ကို ဘားမားရိုက်တာယူနီယံ အမည်ဖြင့် စတင်တည်ထောင်သည်။

၁၉၄၀ - စစ်ကိုင်းတစ်တိုင်းလုံး၏ ဝါဒဖြန့်ချိရေးအရာရှိချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၃ - စာရေးဆရာအသင်း အမှုဆောင်ဖြစ်ခဲ့သည်။

၁၉၄၈ - ၄၉ - စာရေးဆရာအသင်းအမှုဆောင်လူကြီး၊ ဒုတိယဥက္ကဋ္ဌ၊ ယာယီဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ထိုနှစ်မှာပင် ဆင်ဆာလူကြီးအဖြစ်လည်းကောင်း အခြားအသင်းအဖွဲ့များတွင် လူကြီးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး မဟာဆွေသည် ၁၉၅၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဦးနှောက်ကြောပြတ် ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ကြည်ကြည်နှင့် သမီး ခင်ဆွေဦး၊ ခင်ဆွေအေးတို့ ကျန်ရစ်ခဲ့သည်။ သမီး တစ်ဦးမှာ နောင်တွင် ခင်ဆွေဦး အမည်ဖြင့် နာမည်ကျော် စာရေးဆရာမ တစ်ဦး ဖြစ်လာခဲ့သည်။

မဟာဆွေ ရေးသား ပြုစုခဲ့သော စာအုပ်များ ကလေးမဖြစ်ထွေ - ၁၉၄၆ ခုနှစ် ကာလပြောင်းပြန် ကိုလူလိမ် - ၁၉၆၉ ခုနှစ် ကိုးသန်းရှင် - ၁၉၄၅ ခုနှစ် ကြုံဖူးတယ် - ၁၉၇၁ ခုနှစ် ကြိုက်တာရွေးယူ - ၁၉၄၄ ခုနှစ် ချစ်ကလိန် - ၁၉၄၁ ခုနှစ် ချစ်ပုံမှား - ၁၉၅ဝ ပြည့်နှစ် ချစ်ပွေလီ - ၁၉၅၂ ခုနှစ် ချစ်မနိုင် - ၁၉၄၅ ခုနှစ် ချစ်ရမှာခက်တယ် - ၁၉၄၅ ခုနှစ် ချစ်ရေလယ် - ၁၉၄၆ ခုနှစ် ချစ်ရေးကြိုက်ရေး - ၁၉၄၆ ခုနှစ် ချစ်ရည်တူ - ၁၉၆ဝ ခုနှစ် ချစ်လောကီ - ၁၉၅၆ ခုနှစ် ချစ်သန့်စင် - ၁၉၆၃ ခုနှစ် ငံမိုးနှင့် ဤကလောင် ဝတ္ထုနှစ်ပုဒ် - ၁၉၆၂ ခုနှစ် စနေဂြိုဟ်နှင့် ကာလပြောင်းပြန် - ၁၉၆၂ ခုနှစ် စာရေးကြီးနှင့် တကယ့်မင်းသမီး - ၁၉၆၅ ခုနှစ် စာရေးကြီး မဟာဆွေ - ၂ဝဝဝ ပြည့်နှစ် စောရဗလ - ၁၉၆ဝ ပြည့်နှစ် စောရသက်ပြင်း ၁၉၄၈ ခုနှစ် စောရသက်ပြင်း (၂) - ၁၉၅၁ ခုနှစ် စစ်ထွက်သူ - ၁၃ဝဝ ပြည့်နှစ် စစ်မြေပြင်နှင့် ချစ်ရေစင် ဆရာဝန်မို့ - ၁၉၆ဝ ပြည့်နှစ် ဈေးချိုသူ - ၁၉၆ဝ ပြည့်နှစ် တောနဲ့တောင်စွယ် - ၁၉၆၆ ခုနှစ် တောင်နန်းစံ - ၁၉၆၈ ခုနှစ် ဒမစကြာ - ၁၉၄ဝ ပြည့်နှစ် ဒါတို့မြေ - ၁၉၄၄ ခုနှစ် တို့မေမေ - ၁၉၆၄ ခုနှစ် ဓားထက်သူ - ၁၉၄၄ ခုနှစ် နေသူရိန် (ပထမတွဲ) - ၁၃ဝဝ ပြည့်နှစ် နေသူရိန် မကြောက်တရား (ပထမတွဲ) - ၁၉၃ဝ ပြည့်နှစ် နှစ်ဆင့်မေတ္တာ - ၁၉၅၅ ခုနှစ် ပျို့တောင်ပြုံး - ၁၉၅၅ ခုနှစ် ပွင့်လင်းဂေဟာ - ဗြူဘိုမောင် - ၁၉၅၁ ခုနှစ် ဘီးလပ်သူ - ၁၉၆၅ ခုနှစ် ဘိုးဝဇီရ - ၁၉၆၇ ခုနှစ် မစိတ် - ၁၉၄၄ ခုနှစ် မဟာဆွေ၏ မဟာဆွေ - ၁၉၅၃ ခုနှစ် မောင်တို့ပြည်၊ မယ်တို့ပြည်နှင့် ကိုးသန်းရှင် - ၁၉၆၈ ခုနှစ် ရဲခေါင်ကြီး - ၁၉၃၁ ခုနှစ် ရွှေယောက်ဖ - ၁၉၄၈ ခုနှစ် လူမိုက်လောကီ - ၁၉၆၉ ခုနှစ် လေးပွင့်ဆိုင် (မဟာဆွေနှင့်အခြား) - ၁၉၄၄ ခုနှစ် ဝါဝါဝင်း - ၁၉၆၂ ခုနှစ် ဝေ့ရွှေယောက်ဖ - ၁၉၄၈ ခုနှစ် ဝတ္ထုညွန့် (ဇဝန၊ ရွှေဥဒေါင်း၊ မဟာဆွေ) - သူငယ်ချင်းကောင်း - ၁၉၇ဝ ပြည့်နှစ် သူပုန်ကြီး - ၁၉၆၅ ခုနှစ် သူပုန့်အိမ် - ၁၉၆၄ ခုနှစ် သုံးရွေ့လယ် - ၁၉၆၃ ခုနှစ် အကျိုးဆောင်ကြီး - ၁၉၆၁ ခုနှစ် အချစ် - ၁၉၆၃ ခုနှစ် အသံရှင် အသံရှင်နှင့် သားရေနားစားသူ - ၁၉၇၂ ခုနှစ် အိုဘဲ့ ….. ဖူးစာ - ၁၉၅၁ ခုနှစ်

0 Reviews