BOOK DETAILS
ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းကိုသွားတော့ တိုင်းအစိုးရရဲ့လုပ်ပုံကိုင်ပုံတွေကို မကြိုက်တဲ့လူထုက ဆန္ဒပြကြတယ်။ တစ်ယောက်က ကိုင်ထားတဲ့ဆိုင်းဘုတ်မှာ "သူတို့တနင်္သာရီတိုင်းဟာ Animal Farm ဖြစ်နေပါပြီ"တဲ့။ Gorge Orwellရဲ့ သြဇာဟာ တနင်္သာရီအထိ ရောက်နေပါလားလို့တွေးမိတယ်။ Gorge Orwell ရေးတဲ့ Animal Farmမှာ ကွန်မြူနစ်စနစ် ဆန့်ကျင်ရေး စာအုပ်ပါ။ တိရစ္ဆာန်တွေက လူတွေကို တော်လှန်အာဏာသိမ်းပြီးတော့မှ အာဏာယစ်မူးပြီး ကိုယ်ချထားတဲ့မူကိုပြင် ကိုယ့် တိရစ္ဆာန်အချင်းချင်း နှိပ်စက်ဒုက္ခပေးတဲ့ ဇာတ်လမ်းပါ။ Animal Farm ကို သခင်ဘသောင်းက ခြေလေးချောင်းတော်လှန်ရေးဆိုပြီး ပြန်ထားပါတယ်။ ခြေလေးချောင်းတော်လှန်ရေးဟာ ကွန်မြူနစ်စနစ်ကို ကာကွယ်တားဆီးတဲ့ဒိုင်းတစ်ခုအဖြစ် အင်မတန်ထိရောက်ခဲ့တာပါ။ မြန်မာပြည် မှာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ဖြစ်တော့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သြဇာကြီးထွားလာမှု့ကို "ဦးနုအစိုးရ"က စာပေအနုပညာကို အသုံးချပြီး ခုခံခဲ့တာပါ။ တစ်ခုက ဦးနုရဲ့ လူထုအောင်သံပြဇာတ်နှင့်ရုပ်ရှင်ပါ။ လူထုအောင်သံပြဇာတ်ကို ဦးနုရေးပါတယ်။ ကျောင်းသုံးလည်း ပြဋ္ဌာန်းပါတယ်။ နောက်အမေရိကန်အကူအညီနဲ့ လူထုအောင်သံပြဇာတ်ကို ရုပ်ရှင်ရိုက်ပါတယ်။ မြန်မာပြည်အနှံ့အခမဲ့ လိုက်လံပြသပါတယ်။ မင်းသား က မောင်မောင်တာနှင့်ဗိုလ်ဗကို ပါ။ မင်းသမီး တော့မမှတ်မိပါဘူး။ ဒါရိုက်တာ သုခက ဇာတ်ရံအနေနဲ့ပါပါတယ်။ ကျေးရွာ အစည်းအဝေးမှာ ကွန်မြူနစ်ဗိုလ်ကြီးက "သူ့အလိုလိုပြိုကျနေတဲ့ ဖဆပလ အစိုးရ"လို့ပြောတော့ ကျောင်းဆရာသုခက "သူ့အလိုလိုပြိုကျနေတဲ့ အစိုးရကို တိုက်ဖို့လိုပါဦးမလား"လို့မေးတဲ့အခန်းတွေကို ခုထိမှတ်မိနေတုန်းပဲ။ နောက်တစ်ခုက သခင်ဘသောင်းရဲ့ ခြေလေးချောင်းတော်လှန်ရေးပါ။ ၁၉၄၉-၅၀ မြန်မာပြည် မှာပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ ထွက်လာတဲ့ဝတ္ထုပါ။ သခင်ဘသောင်းရဲ့ ပြောင်မြောက်တဲ့လက်ရာကြောင့် ကွန်မြူနစ်စနစ်ရဲ့ အတွင်းသရုပ်ကို ကောင်းကောင်းကြီးသဘောပေါက်နိုင်တဲ့ ဝတ္ထုပါ။ မြန်မာပြည် မှာ ကွန်မြူနစ်စနစ် ကျရှုံးခဲ့တာ လူထုအောင်သံနှင့် ခြေလေးချောင်းတော်လှန်ရေးရဲ့ ပရောဂလည်းပါပါတယ်။
ခြေလေးချောင်းတော်လှန်ရေး (အင်္ဂလိပ်: Animal Farm) သည် ပုံခိုင်းရေးဖွဲ့သော ဝတ္ထု (Allegorical novel) ဖြစ်သည်။ ဇာတ်ကောင်အားလုံး သည် တိရစ္ဆာန်များဖြစ်သော်လည်း တကယ်ဆိုလိုချင်သည်မှာ စတာလင်ခေတ် ရုရှားနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်သည်။ ဂျော့အော်ဝဲ သည် Animal Farm ကို ၁၉၄၃ နိုဝင်ဘာနှင့် ၁၉၄၄ ဖေဖော်ဝါရီကြားတွင် ရေးခဲ့ခြင်းဖြစ်သည်.။ ထိုစဉ်က ယူကေ သည် ဆိုဗီယက်ယူနီယံ နှင့် စစ်ကာလ မဟာမိတ် ဖွဲ့ထားလေရာ ဗြိတိသျှ နှင့် အမေရိကန် ထုတ်ဝေသူတော်တော်များများက ကနဦးတွင် ဂျော့်ချ် အော်ဝဲလ်၏ Animal Farm ကိုပယ်ချကြသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ် ၌ Animal Farm ထွက်လာသော အခါ တွင်ကား စာအုပ် မှာ ဝက်ဝက်ကွဲ အောင်မြင် ပြီး ယင်းအောင်မြင်မှုသည် ယခုအချိန်ထိ အရှိန်မသေသေးပေ။
တိုင်းမ် မဂ္ဂဇင်း က ကမ္ဘာ့အကောင်းဆုံး ဝတ္ထု ၁၀၀ ကို စိစစ် ရွေးချယ်ရာ ဂျော့အော်ဝဲ ၏ Animal Farm နှင့် 1984 နှစ်အုပ်လုံး ပါဝင်ခဲ့သည်။
ခြေလေးချောင်းတော်လှန်ရေး ဝတ္ထုကို မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ၁၉၄၉-၁၉၅၀ ခုနှစ်လောက်တွင် ထုတ်ဝေခဲ့ရာ ထိုစဉ်က မြန်မာနိုင်ငံတွင်ခေတ်စားနေသော ကွန်မြူနစ်စနစ်ကို ဆန့်ကျင် တိုက်ပွဲ ဝင်ရာတွင် ဝန်ကြီးချူပ်ဦးနု၏ လူထုအောင်သံ ပြဇာတ်နှင့် သခင်ဘသောင်း ၏ ခြေလေးချောင်း တော်လှန်ရေးသည် ရှေတန်း မှ ပါဝင်ခဲ့သည် ဟု ဆိုနိုင်သည်။
0 Reviews