BOOK DETAILS
အေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ်ဟာမြန်မာစာအုပ်ထုတ်ဝေမှု သမိုင်းမှာအအောင်မြင်ဆုံး လုံးချင်းစာအုပ်များထဲမှာ တစ်အုပ်ပါဝင်ပါတယ်။
ဒီလိုပဲ တစ်ခေတ်တစ်ခါက အငြင်းပွားဖွယ်ရာအကောင်းဆုံးစာအုပ်ဆိုရင်လည်း မမှားပါဘူး။
အအောင်မြင်ဆုံးဆိုတာကတော့ စာအုပ်အနေနဲ့ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရခြင်း။ ရုပ်ရှင် နှစ်ကြိမ်ရိုက်ကူးခဲ့ပြီး နှစ်ကြိမ်စလုံး အောင်မြင်ခဲ့ခြင်း။ ရုပ်ပြ ကာတွန်းစာအုပ်အနေနဲ့လည်း လူကြိုက်များခြင်း။ (အခုနောက်ထပ် ရုပ်ပြစာအုပ်အသစ်ကိုလည်း ဖန်တီးနေပါပြီ) အသံ စာအုပ် Audio Book အနေနဲ့လည်း ထွက်ရှိခဲ့ခြင်း။ (ထိုခေတ်ထိုကာလက အလွန်စောပြီး တီထွင်ဖန်တီးမှုအားအလွန်ကောင်းပါတယ်)
အငြင်းပွားဖွယ်ရာတွေကတော့ ဒီလိုပါ။စာအုပ်ထဲမှာပါဝင်တဲ့တချို့အခန်းတွေဟာကလေးတွေ လူငယ်တွေ ဖတ်မိရင် တလွဲစိတ်တွေ ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်ခဲ့ကြတာဖြစ်သလိုဖျော်ဖြေရေးသီးသန့်ပဲဖြစ်တာကြောင့်စာဖတ်ပြီး ဘာမှ အကျိုးမရှိဘူးဆိုပြီးတော့လည်းဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်ဆိုတာအပျော်ဖတ်သာသာ မဟုတ်ကြောင်းဆရာဆွေလှိုင်ဦးက ပြန်ရှင်းခဲ့ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့အဲ့ဒီခေတ် အဲ့ဒီကာလမှာမြန်မာအမျိုးသမီးတွေဟာအိမ်ထောင်ရေး မီးဖိုချောင်ကိစ္စတွေသားရေးသမီးရေးကိစ္စတွေနဲ့သာလုံးပန်းနေရတဲ့ ကာလပါ။ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်ကတော့မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ရဲစွမ်းသိတ္တိကို ဖော်ပြနိုင်ခဲ့တာပါဆိုပြီးဆရာဆွေလှိုင်ဦးက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
0 Reviews