BOOK DETAILS
အမြောက်ဆန်ကလေးရဲ့ဘဝခရီး
epub, kfx
ကျွန်တော်တို့မျိုးဆက်တွေမှာ လှေကားက ရိုးရိုးမဆင်းဘဲ လျှောဆင်းချင်၊ ကုလားထိုင်ကို လက်တန်းအောက်က လျှိုပြီးကူးချင်၊ ဟိုခုံပေါ်တက် ဒီနံရံပေါ်တွယ် ကတ်သီးကတ်သတ်တွေ ခုန်ပျံကစားချင်တဲ့ ဉာဉ်မျိုး စွဲကပ်ခဲ့ရခြင်းရဲ့ တရားခံဟာ ဂျက်ကီချန်းလို့ ဆိုရမှာဖြစ်ပါတာ်။ ကျွန်တော်တို့ မျက်စိထဲမှာ ဂျက်ကီချန်းဟာ အနောက်တိုင်း ရုပ်ရှင်ဇာတ်လိုက်တွေလို ခပ်တည်တည်နဲ့ စမတ်ကျကျ ဟီးရိုးမျိုးမဟုတ်ဘဲ နာစရာရှိရင် နာ၊ အော်စရာရှိရင် အော်ပြီး ရယ်စရာတွေ တသီကြီးနဲ့ အက်ရှင်ခန်းလှလှတွေနဲ့ သရုပ်ဆောင်ပြခဲ့တဲ့ ကျွန်တော်တို့နဲ့ ပိုနီးစပ်တဲ့ ရုပ်ရှင်ဟီးရိုးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘယ်စတန့်ခန်းကို ရိုက်ရင်း သေပြီတဲ့ဆိုပြီး ခဏခဏ သတင်းထွက်တဲ့သူ၊ ခန္ဓာကိုယ်မှာ မကျိုးဖူးတဲ့အရိုး မရှိသူ၊ ဘယ်ကုမ္ပဏီကမှ အသက်အာမခံ မပေးရဲဘူးလို့ ကျော်ကြားတဲ့သူ၊ မုန်းသူမရှိတဲ့ သရုပ်ဆောင်လို့ ကျော်ကြားတဲ့သူ။ ကျွန်တော်တို့အာရုံထဲမှာ ဂျက်ကီချန်းပုံရိပ်ဟာ သိပ်တောက်ပပြီး သိပ်ကြီးကျယ်နေခဲ့တယ်။
ဂျက်ကီချန်း ရခဲ့တဲ့အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ နေ့စား စတန့်သမားဘဝကနေ ကိုယ်ပိုင်အင်ပါယာတစ်ခု ထူထောင်နိုင်တဲ့ သရုပ်ဆောင်ကြယ်ပွင့်ကြီးဖြစ်လာတဲ့အထိ အောင်မြင်မှုခရီးမှာ သူအကြိမ်ကြိမ် ကျရှုံးပြီး အကြိမ်ကြိမ်ပြန်ထခဲ့ရပါတယ်။ သူရဲ့ ပညာမတတ်မှု၊ အတွေးအခေါ် ရှေးရိုးစွဲမှု၊ လောင်းကစား၊ အရက်၊ မိန်းမလိုက်စားခဲ့မှု၊ အလုပ်ကလွဲရင် ဘာမှအာရုံမထားဘဲ ကိုယ့်ကိုချစ်တဲ့သူတွေအပေါ် လွဲမှားစွာ ဆက်ဆံခဲ့မှုတွေကို သူဝန်ခံသင့်သလောက် ဝန်ခံထားတာလည်း တွေ့ရပါလိမ့်မယ်။
ဒီအတ္ထုပ္ပတ္တိကို ဖတ်ပြီးနောက်မှာ စာဖတ်သူဟာ ဂျက်ကီချမ်းကို လူသားတစ်ယောက်လို့လည်း မြင်သွားနိုင်သလို၊ သူ့တရားနာရင် သူ့အကြွားတော့ ပါမယ်ဆိုတဲ့အတိုင်း အကြွားလေးတွေကိုမြင်ပြီး အမြင်ကတ်သွားနိုင်တဲ့အပြင် သူလုပ်ခဲ့တဲ့အမှားတချို့ကြောင့် သဘောမကျတော့တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ကျွန်တော်ကတော့ ဂျက်ကီချန်းကို သူ့ငယ်နာမည် အမြောက်ဆန်ဆိုတဲ့အတိုင်း လိုက်ဖက်သူလို့မြင်ပါတယ်။ သူ့နေထိုင်ပုံ၊ တွေးပုံတွေကအစ ရိုးရှင်းလွန်းသလို အားလည်းပြင်းလွန်းပါတယ်။ သူသင်ကြားခဲ့ရတဲ့ ပညာရေး၊ သူ့ဘဝအတွေ့အကြုံ၊ သူဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ သူ့ရဲ့ စိတ်ဒဏ်ရာနဲ့ စိတ်မလုံခြုံမှုတွေ၊ သူ့ရဲ့ စရိုက် အမူအကျင့်တွေနဲ့ သူချခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ သူ့ဘဝကို ပြောင်းလဲစေခဲ့ပြီး မှား၊မှန် အောင်မြင်မှုတွေ ဖြစ်စေခဲ့သလဲဆိုတာ စိတ်ဝင်တစား လေ့လာချင်စရာဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
(စာရေးသူ၏အမှာစာမှ ကောက်နှုတ်ဖော်ပြချက်)
0 Reviews