BOOK DETAILS
နယ်ခြားမဲ့မိုးတိမ်
epub, kfx
“မြန်မာနှင့်တရုတ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်ကြသူတို့၏ လူမှုဘဝ အဖုံဖုံ အကြောင်း သိကြားမှတ်သားမိသမျှတို့ကို မျှဝေလိုသည့် အရင်းခံဆန္ဒကြောင့် “နယ်ခြားမဲ့မိုးတိမ်" ဝတ္ထုတိုစာစု ဖြစ်ပေါ်လာခဲ့ပါသည်။ နယ်စပ်ဒေသ ဆိုသည်မှာ နိုင်ငံတော်က ဖန်တီးထားသော နယ်နိမိတ်စည်းကြောင့်သာ မြို့၊ ရွာ လူမှုဝန်းကျင်နှင့် အချုပ်အခြာအာဏာတို့ သီးခြားစီ တည်ရှိရသော်လည်း လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် တစ်ဘက်အပေါ်တစ်ဘက် အမှီသဟဲ ပြုနေရသည်မှာ ပိုင်းခြား၍ မရပါချေ။ သည်သဘောကို ခြုံငုံနားလည်စေရန်အတွက် ပညာအလင်းပွင့် မြန်မာ သုတေသန ဖောင်ဒေးရှင်း (EMReF) က သုတေသီတို့သည် ကချင်ပြည်နယ် မြစ်ကြီးနား၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ကန်ပိုက်တီး၊ ဖီမော်၊ ဂန်ဖန် (ကန်းဖန့်)နှင့် မြန်မာနိုင်ငံနယ်စပ်နှင့် ကပ်လျက်တည်ရှိသော တရုတ်ပြည်ထဲက ဖြတ်မာ၊ လိုင်းရင်း၊ ကျန်းဖုန်း ဒေသများသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သွားရောက်လေ့လာ၍ အချက်အလက်များကို ကောက်ယူ စုဆောင်းခဲ့ပါသည်။ အချက်အလက် ပြည့်စုံသော သုတေသနအစီရင်ခံစာ အပြင်၊ ရရှိလာသော တွေ့ရှိချက်များကို နယ်ပယ်အသီးသီး“မှ မည်သူမဆို အလွယ်တကူ နားလည်စေသည့် နည်းလမ်းဖြင့် မျှဝေပေးနိုင်ရန်အတွက် အနုပညာနှင့် သုတေသနရလဒ်ကို ပေါင်းစည်းခြင်းနည်းအားဖြင့် ဤဝတ္ထုတိုစာအုပ် ထုတ်ဝေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤဝတ္ထုတိုစုတွင် ဝတ္ထုတို (၃) ပုဒ်ပါဝင်ပြီး ၎င်းတို့မှာ လွယ်ဂျယ်၊ မိုင်ဂျာယန်နှင့် ဖီမော်ဒေသက လူပုဂ္ဂိုလ် (၃) ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းအပေါ် မှီတည်ပြီး ပြန်လည်ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
0 Reviews