BOOK DETAILS
ဖောရက်စ်ဂမ့် (အင်္ဂလိပ်: Forrest Gump) သည် စာရေးဆရာ ဝင်စတန် ဂရွင်းမ် ရေးသားထားသော ၁၉၈၆ ခုနှစ်ထွက် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်သည်။ စာအုပ်အမည်မှာ အဓိကဇာတ်ဆောင်၏ နာမည်ပင် ဖြစ်ပြီး၊ ထိုဇာတ်ကောင်မှာ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် စားပွဲတင်တင်းနစ်ခေါ် ပင်ပေါင် တံခွန်စိုက်အားကစားပြိုင်ပွဲများမှ စွန့်စွန့်စားစား ဖြစ်ရပ်များ၊ သူ၏ ကလေးဘဝက ချစ်ခြင်းမေတ္တာကို ပြန်လည်တွေးတောခြင်း၊ အူကြောင်ကြောင် ယောင်တိယောင်ချာအမူအရာများဖြင့် အမေရိကန်သမိုင်းတစ်လျှောက်တွင် ဗီယက်နမ်စစ်ပွဲ မှ ကောလိပ်ဘောလုံးအားကစားတိုင်အောင် ရသစုံလင် ပါဝင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြောပြသည့် အခြေအနေကို ပုံဖော်ထားသည်။
ဂမ့် ကို လောကကြီးအား ရိုးရှင်းစွာ နှင့် ရိုးသားစွာ ကြည့်မြင်တတ်သူအဖြစ် ပုံဖော်ထား၏။ သူ့အနေဖြင့် ဘဝတွင် မည်သည်ကို လုပ်ဆောင်ရန် အတိအကျမသိသော်ငြား သူ၏ အိုင်ကျူခေါ် ဉာဏ်ရည်ပြကိန်းမှာ နိမ့်ကျကြောင်း သိခဲ့လေသည်။ သို့သော် များပြားလှသော ဘဝအတွေ့အကြုံ ဖြစ်ရပ်မျိုးစုံတို့ကြောင့် ဂမ့်မှာ အသိပညာ ဗဟုသုတများ အလွန်တိုးတက်လာခဲ့ပေ၏။ သူ့ကမူ သူ့အနေဖြင့် ကိစ္စတွေကို လှပကောင်းမွန်အောင် ကြည့်တတ်ကြောင်း၊ သို့သော် သူက အဲ့ဒီအကြောင်းအရာတွေကို ပြောပြရင် ဒါမှမဟုတ် ရေးရရင်ဖြင့် ဂျယ်လီလေးလို ဖြစ်တတ်ကြောင်း ပြောခဲ့လေသည်။ သူ၏ ရူးလည်းရူး ထူးလည်းထူးသည့် ဉာဏစွမ်းရည်၊ တက်ကြွပြင်းထန်သည့် လုပ်ဆောင်မှုတို့ကြောင့် စွန့်စားခန်းသဖွယ် ကိစ္စအမျိုးမျိုးအဖုံဖုံကို ကြုံစေခဲ့ခြင်းလည်း ဖြစ်၏။
0 Reviews