BOOK DETAILS

အိုက်ခ်မန်းစစ်ဆင်ရေး

Language : မြန်မာ
File Info :  

mobi, epub, kfx, azw3


ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဥရောပက ဂျူးလူမျိုးခြောက်သန်းကျော်ကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သုတ်သင်သတ်ဖြတ်ခဲ့တဲ့ နာဇီစစ်တရားခံ "အဒေါ့ဖ်အိုက်ခ်မန်း"၊ စစ်ကြီးပြီးဆုံးသွားတဲ့နောက် ဂျာမနီကနေ တိတ်တဆိတ်ရှောင်ထွက်သွားတဲ့ နာဇီလူသတ်သမား “အဒေါ့ဖ်အိုက်ခ်မန်း"ကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်တွေက စစ်ဆင်ရေးတစ်ခုအနေနဲ့ ၁၅ နှစ်တိုင်တိုင် ကမ္ဘာအနှံ့မြေလှန်ရှာဖွေဖမ်းဆီးခဲ့ကြတဲ့ တကယ့်ဖြစ်ရပ်၊ တကယ့်ဇာတ်လမ်းကို ပြန်လည်မှတ်တမ်းတင်ထားတဲ့ အစ်ဆာဟာရဲလ်ရဲ့ The House on Gari - Baldi Street စာအုပ်ကို ဆရာကြီးလင်းယုန်မောင်မောင်က မြန်မာပြန်ထားတဲ့စာအုပ်ဖြစ်ပါတယ်။

"အမှန်စင်စစ် အစ်ဆာဟာရဲလ်သည် စာရေးဆရာမဟုတ်။ ထောက်လှမ်း သမား တစ်ဦးသာဖြစ်သည်။ သို့ဖြစ်၍လည်း ယခု သူရေးသား ပြုစုလိုက်သော အိုက်ခ်မန်း စစ်ဆင်ရေး' စာအုပ်တွင် စာရေးဆရာများ ရေးလေ့ရှိကြသလို အဖွဲ့အနွဲ့ အဆင်တန်ဆာ အသိုင်းအဝိုင်းများ မပါဘဲ “စင်းစင်းကြီး ဖြစ်နေ သည်ကို တွေ့ရသည်။ ။

သို့သော် သူသည် ထောက်လှမ်းရေးတာဝန်ခံ တစ်ဦးပီပီ အလွန်စေ့စပ် သေချာလှသည်ဖြစ်၍ အိုက်ခ်မန်းစစ်ဆင်ရေး တစ်ခုလုံးကို အစမှ အဆုံးအထိ မည်သို့မည်ပုံ အကောင်အထည် ဖော်ခဲ့ရသည်များကို အသေးအဖွဲ ဖြစ်ရပ် ကလေးများမှ အစ တိတိကျကျ အပြည့်အဝ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ အထူးသဖြင့် အိုက်ခ်မန်း စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲခဲ့ကြသော အစ္စရေးထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၏ အစွမ်းအစနှင့် အရည်အချင်းများကို တစ်ဦးချင်း တစ်ယောက်ချင်း အသေးစိတ်ပေါ်လွင်အောင် ဖော်ပြခဲ့ရုံမျှမက ၎င်းတို့၏ မိဘ ဆွေမျိုးသားချင်းများနှင့်တကွ ၎င်းတို့ကိုယ်တိုင် ဒုတိယကမ္ဘာ စစ်ကြီးအတွင်းက နာဇီအကျဉ်းစခန်းများဖြစ်သော အိုက်ခ်မန်း၏ ငရဲခန်းများ တွင် မည်သို့မည်ပုံ တွေ့ကြုံခံစားခဲ့ရသည်များကိုပါ နောက်ကြောင်းပြန်၍ တင် ထားသည်များမှာ တကယ့်ဝါရင့် စာရေးဆရာတစ်ယောက်ပမာ ရသမြောက် လှသည်ကို တွေ့ရသည်။

ဦးပင် နာဇီစစ်တရားခံ အိုက်ခ်မန်းတစ်ယောက် အသက်ရှင်လျက် ရှိနေသေးကြောင်း အစ္စရေး ထောက်လှမ်းရေးအဖွဲ့ သို့ ပထမဆုံး သတင်းပေးပို့ .  ခဲ့သည့် အဘိုးကြီးအား ထောက်လှမ်းရေးသမား တစ်ဦးက အာဂျင်တီးနား နိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့ရာတွင် ထိုအဘိုးကြီးမှာ မမျှော်လင့်ဘဲ မျက်ခြင် ဒုက္ခိတတစ်ဦး ဖြစ်နေသဖြင့် အထိတ်တလန့် ဖြစ်ခဲ့ရပုံ၊ ဗျူနိုအဲရစ္စမြို့ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် မော်တော်ဆိုင်ကယ် စီးသွားသော အိုက်ခ်မန်း၏သား ဖြစ်သူအား အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်များက အငှားကားတစ်စီးဖြင့် နောက် ယောင်ခံ၍ လိုက်ခဲ့ကြရာမှ လမ်းဆုံတစ်နေရာ၌ အသုဘချလာသည့် လူအုပ် ကြီးနှင့် ပက်ပင်းပါ တိုးနေသဖြင့် မျက်ခြည်ပြတ်ကာ အကျပ်ရိုက်ခဲ့ရပုံ၊ အာကျင် တီးနားနိုင်ငံ ဗျူနိုအဲရစ္စလေဆိပ်သို့ ရုပ်ဖျက်၍ ရောက်ရှိလာသော အစ္စရေး ထောက်လှမ်းရေးသမား တစ်ဦးအား လေဆိပ်မှအထွက် ဘတ်စ်ကားပေါ်တွင် လူတစ်ယောက်က မိမိလေယာဉ်ပေါ်မှ ဆင်းလာသည့် ဓာတ်ပုံကို ချက်ချင်း လာပြသဖြင့် ခေါင်းနားပန်းများ ကြီးသွားခဲ့ရပုံ၊ အိုက်ခ်မန်း၏နေအိမ်ကို ညအချိန် များတွင် တိတ်တဆိတ် သွားရောက်ချောင်းမြောင်း ကြည့်ရှုခဲ့ကြရာမှ တစ်ညတွင် မှောင်ကြီးမည်းကြီးထဲ၌ ရပ်ထားခဲ့သော အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဝင်များ စီးလာသည့် ဂျစ်ကားတစ်စီးလုံး မိနစ်ပိုင်းအတွင်း ရှာမတွေ့တော့ဘဲ ပျောက်ချင်း မလှ ပျောက်သွားခဲ့ပုံ၊ အိုက်ခ်မန်းအား အာဂျင်တီးနားနိုင်ငံမှ လေယာဉ်ဖြင့် - ခိုးထုတ်ကြရန်အတွက် ဗျူနိုအဲရစ္စလေဆိပ် အဆောက်အအုံအတွင်း ခရီးသည် များ ကြိတ်ကြိတ်တိုးနေခိုက် ထောက်လှမ်းရေးမှူးချုပ် အစ်ဆာဟာရဲလ်ကိုယ်တိုင် လူအုပ်ကြားထဲမှ စားပွဲတစ်လုံးတွင် ထိုင်ကာ ကျန်အဖွဲ့ဝင်များအား နောက်ဆုံး အမိန့်များ တစ်ခုပြီးတစ်ခု အချိန်လု၍ ထုတ်ပြန်ညွှန်ကြားခဲ့ရပုံ၊ စသည် စသည် ဖြင့် တုန်လှုပ်ချောက်ချား အသည်းယားဖွယ်ရာ၊ ထိတ်လန့်အံ့သြ ရင်မောဖွယ်ရာ၊ ငိုအားထက် ရယ်အားသန်ဖွယ်ရာ အဖြစ်များကို အသေးစိတ်ဖော်ပြထားသည်မှာ စိတ်ကူးယဉ်ဝတ္ထုကြီးတစ်ပုဒ်ထက်ပင် လက်ရာမြောက်လှသည်ဟု ဆိုနိုင်သည်။"

  • မြန်မာပြန်သူ၏ အမှာမှ

About Author

လင်းယုန်မောင်မောင်
2 Books

မုံရွာ မြို့တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်လှကြည် တို့က ၁၉၂၅ ခု ဧပြီလ ရ ရက် အင်္ဂါနေ့တွင် မွေးဖွား ခဲ့သည်။ သားကြီး ဩရသ ဖြစ်၍ ငယ်နာမည် မောင်ရွှေ ဖြစ်သည်။၁၉၅၇ ခုနှစ်တွင် စာရေး ဆရာ ဗန်းမော် တင်အောင် ဦးစီး ထုတ်ဝေသော "လင်းယုန် ဂျာနယ်" ၌ အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ ရာမှ "လင်းယုန် မောင်မောင်" ဟူ၍ ကလောင် အမည် ရလာ ခဲ့သည်။ ၁၉၅၈ - ၅၉ တွင် သမက်၊ သတင်းစာ ဆရာမ စသည့် ဆိုဗီယက် ဝတ္ထုများ ဘာသာ ပြန်ခြင်းဖြင့် စာပေနယ်တွင် ခြေချ ခဲ့သည်။ လင်းယုန် သတင်းစာ (၁၉၅၉)၊ လမ်းစဉ် သတင်းစာ (၁၉၆ဝ)၊ ဗိုလ်တထောင် သတင်းစာ (၁၉၆၁)၊ မော်ကွန်း သတင်း မဂ္ဂဇင်း (၁၉၆၂)၊ ချင်းတွင်း ဂျာနယ် (၁၉၆၄)၊ ရှုထောင့် ဂျာနယ် (၁၉၆၈)၊ ရုပ်ရှင် သတင်းစဉ် (၁၉၇၉)၊ လုံမလေး မဂ္ဂဇင်း (၁၉၈၅) စသည် တို့တွင် အယ်ဒီတာ အဖြစ် ၁ဝ နှစ် ကျော်မျှ ဆောင်ရွက် ခဲ့သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာ နိုင်ငံ)၊ မြန်မာ နိုင်ငံ စာပေ ပြန့်ပွားရေး အသင်း (၁၉၆ဝ) နှင့် အမျိုးသား စာပေ ညီညွတ်ရေး အဖွဲ့ (၁၉၆၂) စသည့် အဖွဲ့အစည်း များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်။

လုံးချင်း စာအုပ် ၅ဝ ကျော်ခန့် ရေးသား ခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ အိုက်ခ်မန်း၏ ငရဲခန်း (၁၉၆၅)၊ ဟစ်တလာ (၁၉၆၅)၊ ကပ်စထရို(၁၉၆၆)၊ သွေးစွန်းသော နေ့ရက်များ (၁၉၆၆)၊ ယနေ့ ကမ္ဘာ (၁၉၆၇)၊ ချေဂွေဗားရား (၁၉၆၇)၊ ဟိုချီမင်း (၁၉၇ဝ)၊ မှောက်မိုက်သော နေ့ရက်များ (၁၉၇၁)၊ လူသတ်ဆရာဝန်(မသိရ)၊အက်ဖ်ဘီအိုင် မှုခင်းများ (၁၉၇၁)၊ တောင်ကုန်း အမှတ် ၁၉၂ (၁၉၇၂)၊ ကြီးသုံးကြီး လုပ်ကြံရန် ဟစ်တလာ၏ အကြံ (၁၉၇၃)၊ အက်ဖ်ဘီအိုင် အတွင်းရေး (၁၉၈၁)၊ ဂျူလီယာ (၁၉၈၁)၊ ထောင်ပြေး စပိုင် (၁၉၈၅)၊ သေရွာပြန် စာရင်း (၁၉၉၉)၊ မေတ္တာရှင် စေတနာရှင် ကရုဏာရှင် သူတော်စင် မာသာထရီဆာ (၁၉၉၉) တို့ ဖြစ်ကြသည်။

0 Reviews