BOOK DETAILS
လူနှင့်သူတို့၏ဟာသများ
epub, kfx
စာရေးဆရာနီကိုရဲ၏ ၀တ္ထတိုပေါင်းချုပ်ကို စုစည်းစီစဉ်ရာတွင် သူ၏ရေးဟန်အများစုအတိုင်း “လူနှင့်သူတို့၏ဟာသများ” အမည်ကသာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။ ယခုစာအုပ်တွင် ထွက်ရှိပြီး ဖြစ်သည့် “အလွဲပေါင်းချုပ်” နှင့် “မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များ” စာအုပ်တို့ထဲတွင် မပါဝင်သေးသော ၀တ္ထုတိုလုံးချင်းများအပြင် မဂ္ဂဇင်းများတွင် ပါဝင်ပြီး လုံးချင်းများတွင်မပါဝင်ခဲ့သေးသော ၀တ္ထုတို့ကိုပါ လက်လှမ်းမီသမျှ စုစည်းယူပါသည်။ အချို့လည်းကျန်နေနိုင်ပါသေးသည်။
– ပြောရန်ရှိသည်မှာ “လူနှင့်သူတို့၏ ဟာသများ” ဟု အမည် ပေးခဲ့သော်ငြား ၁၉၉၀ ပြည့်နှစ်လွန် သရဖူ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော သူ၏ အစောပိုင်းလက်ရာ”စွန့်ခွာခြင်း” လို အရေးအသားမူကွဲ၊ ခံစားမှု၀တ္ထုမျိုးလည်း ပါဝင်နေသလို မရယ်ရသော ၀တ္ထုတိုတစ်ပုဒ်စ၊ နှစ်ပုဒ်စလည်းပါဝင်နေနိုင်ပါသည်။ ဤအတွက်မူ သူ၏စာဖတ်ပရိသတ်အပေါ် အနှောင့်အယှက်မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ယခုစာအုပ်ကို မူလက ဩဂုတ်လ တစ်လလတွင် ထုတ်ဝေရန်ရည်မှန်းခဲ့သဖြင့် ထူးအိမ်သင် ကွယ်လွန်စဉ်က သူရေးခဲ့သည့် “ကျွန်တော်ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း” စာမူကိုလည်း သီးခြားကျန်မနေစေလိုသဖြင့် ထူးအိမ်သင်ကွယ်လွန်ခြင်း အမှတ်တရအဖြစ်ပါ ပြန်လည်ထည့်သွင်းဖော်ပြထားရာ ယခုစာအုပ်အဆုံးတွင် ပါဝင်နေပါကြောင်း…… – (စီစဉ်သူအမှာစာမှကောက်နှုတ်ချက်)
0 Reviews