BOOK DETAILS

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ

Language : မြန်မာ
File Info :  

epub, kfx


ဒီစာအုပ်လေးကကျွန်မတို့သာမာန်မြင်နေကြဇာတ်ဆောင်ပုံစံမဟုတ်ဘဲ တောင်ပြုန်းပွဲက ဒေစီဂျိန်း လို့ခေါ်တဲ့နတ်ကတော်တစ်ယောက်ရဲ့အကြောင်းပါ။ပုဂံအနော်ရထာမင်းလက်တည်ထားကိုးကွယ်ခဲ့တဲ့ဆုတောင်းပြည့်ဘုရားတည်ရာမှာမြေးတော်ရွှေဖျဥ်းကြီးရွှေဖျဥ်းလေးအမှုတော်အုတ်နှစ်ချပ်လစ်လပ်ပျက်ကွက်တဲ့အတွက်သေဒဏ်ပေးချင်းခံရတာကိုအစွဲပြုပြီးဆုတောင်းပြည့်ဘုရားဝန်းကျင်မှာနတ်ကွန်းနတ်နန်စသဖြင့်ဆောက်လုပ်ကြရာမှကိုးကွယ်ယုံကြည်ကြပြီးဖြစ်လာတဲ့တောင်ပြုံးပွဲတော်၊ထိုပွဲတော်ကိုအမှီပြုပြီးနေထိုင်စားသောက်ကြရတဲ့မိန်းမလျာနတ်ကတော်တို့ရဲ့ဘဝ၊ ထိုထဲမှာမှမိန်းမလျာဘဝသိန်းတစ်ရာမကတန်ပါတယ်ဆိုတဲ့နာမည်ကြီးနတ်ကတော်ဒေစီဂျိန်းရဲ့အချစ်နဲ့မိန်းကလေးမြင်ရင်စိတ်ကစားတတ်တဲ့သူမရဲ့ချစ်သူကောင်လေး(မင်းမင်း)တို့ရဲ့ဇာတ်လမ်းကိုသုတရသစုံလင်စွာဖတ်ရှုရမယ့်စာအုပ်ကောင်းလေးတစ်အုပ်ပါ။ဒါ့အပြင်ဝါခေါင်လဆန်း(၈)ရက်ကနေလပြည့်ကျော်(၁)ရက်ထိကျင်းပတဲ့မြန်မာ့ရိုးရာအစဥ်အလာနတ်ကိုးကွယ်မှုအကြောင်းတွေလည်းတစ်စုတစ်စည်းတည်းလေ့လာနိုင်လို့ဖတ်ရှုသင့်တဲ့စာအုပ်လေးတစ်အုပ်ပါလို့ညွှန်းဆိုပါရစေ။ ။

About Author

နုနုရည်(အင်းဝ)
3 Books

နုနုရည် (အင်းဝ) သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦး ဖြစ်သည်။ မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ ၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

0 Reviews