BOOK DETAILS

မြောက်ဖျားကအလွမ်းရာသီ

Language : မြန်မာ
File Info :  

epub, kfx


၂၀၁၄ ခုနှစ်အတွက် ဝတ္ထုရှည် အမျိုးသားစာပေဆုကို ရရှိခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ကချင်စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်းကို ရေးဖွဲ့ထားပြီး ဖတ်လို့ အလွန်ကောင်းတယ်။ ဆရာမ စံပယ်ဖြူနုကိုယ်တိုင် တရုတ် မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆရာမရဲ့ ကြိုးစားအားထုတ်မှုတွေကို ဒီစာအုပ်ဖတ်ခြင်းဖြင့် တွေ့ရပါလိမ့်မယ်။ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ သူ့ရဲ့ ညီမလေးကို ရှာလို့တွေ့မတွေ့၊ အစ်မတစ်ယောက်ရဲ့ ညီမအပေါ်ထားတဲ့ မေတ္တာတရား ...

About Author

စံပယ်ဖြူနု
1 Book

၁၉၈၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာနေ အဖ ဦးကျော်လှ၊ အမိ ဒေါ်အုန်းစိန်တို့မှ ဖွားမြင်သည်။ အမည်ရင်းမှာ မဖြူနု ဖြစ်သည်။ သူငယ်တန်းမှ ဆယ်တန်းအထိ အ.ထ.က ( ၄ ) ဗန်းမော်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်ဘာသာစကားအဓိကဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

တက္ကသိုလ်ကျောင်းသူ ဘဝတွင် နာမည်ရင်းအပါအဝင် ကလောင်အမည် အမျိုးမျိုးဖြင့် ဝါသနာရှင်ကဏ္ဍများအတွက် ကဗျာများ၊ ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စံပယ်ဖြူနု ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ဝတ္ထုတိုအများစုကို ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး ရွှေအမြုတေ၊ ချယ်ရီ၊ ကလျာ၊ ရနံ့သစ်၊ ခေတ်ရနံ့၊ Treasure Land၊ Faces၊ Idea စသည့် မဂ္ဂဇင်းများတွင်လည်း မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်များ ဖော်ပြခြင်း ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် ပထမဆုံးဝတ္ထုရှည်ဖြစ်သော မြောက်ဖျားက အလွမ်းရာသီကို ထုတ်ဝေခဲ့သည်။ လက်ရှိအချိန်ထိ ဝတ္ထုရှည်လေးအုပ်၊ ဝတ္ထုတိုပေါင်းချုပ်တစ်အုပ် ထုတ်ဝေပြီးဖြစ်ကာ ကလေးဝတ္ထုတိုစု စာအုပ်နှစ်အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ ဝတ္ထုတိုဖြင့် ၂၀၁၂ ခုနှစ်၊ ရွှေအမြုတေစာပေဆု ( ဝတ္ထုတိုဆု )၊ မြောက်ဖျားကအလွမ်းရာသီ ဝတ္ထုရှည်ဖြင့် ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆု ( ဝတ္ထုရှည် )၊ သဟာယစာပေဆုတို့ကို ရရှိခဲ့သည်။

ခင်ပွန်းသည် ဦးဥဂ္ဂါအောင်နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိကာ မဂ္ဂဇင်းဝတ္ထုနှင့် ဝတ္ထုရှည်များ ဆက်လက်ရေးသားလျက် ရှိသည်။

0 Reviews