BOOK DETAILS

နေမင်းတစ်ထောင် (ပထမတွဲ)

Language : မြန်မာ
File Info :  

epub, kfx


About Author

ဆင်ဖြူကျွန်းအောင်သိန်း
4 Books

ဆင်ဖြူကျွန်း အောင်သိန်း (၁၀ နိုဝင်ဘာ ၁၉၂၈–၁၅ ဇူလိုင် ၂၀၂၁) သည် အမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာဆုများ ရရှိခဲ့သော မြန်မာ စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ရွှေဇင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ ရေးသားခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင် အမည်သို့ ပြောင်းလဲ ခဲ့သည်။

ထို့နောက် ၁၉၅၇ - ၅၈ တွင် ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ၁၉၅၈ - ၅၉ တွင် ရုပ်ရှင် လောက၊ ယနေ့ရုပ်ရှင်နှင့် နတ်သျှင်နောင် စာစောင်တို့တွင် တာဝန်ခံအယ်ဒီတာ ၊ ၁၉၆၃ တွင် တံခွန်ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်၊ ၁၉၆၄ - ၆၅ တွင် ကာနယ်ဇင်း၌ တာဝန်ခံ အယ်ဒီတာ အဖြစ် အမှုထမ်းခဲ့၏။

ဆရာ ရေးသား ပြုစုခဲ့သော စာအုပ်မျိုးစုံ (၂၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဝတ္ထု၊ ဆောင်းပါး ပုဒ်ရေပေါင်း (၃၀၀၀) ခန့် ရေးသား ထုတ်ဝေခဲ့သည်။ ဆရာ ရေးသားခဲ့သော စာပေလက်ရာမွန်များ အနက် ကိုဆေးရိုး ဝတ္ထုများသည် အထင်အရှားဆုံးနှင့် လူကြိုက်အများဆုံး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုးဝတ္ထု အမှတ် (၄) ဖြင့် လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ကိုဆေးရိုးဝတ္ထု အမှတ် (၆) ဖြင့် လည်းကောင်း အမျိုးသားစာပေဆုများ ချီးမြှင့်ခံခဲ့ရသည်။ ထို့ပြင် ၁၉၉၈ ခုနှစ်တွင် (၂၀) ကြိမ်မြောက် အရှေ့တောင်အာရှစာပေဆု ချီးမြှင့်ခြင်းခံရသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်၍ စာပေဆုကို လက်ခံရယူခဲ့သည်။

ဆရာသည် ၁၉၈၀ ပြည့်နှစ်မှ စ၍ စာပေလုပ်သားအဖွဲ့တွင် အမှုဆောင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး သာကေတ မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံ စာပေ ဝါသနာရှင် အဖွဲ့အစည်းနှင့် ကမ်ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် ( မြန်မာနိုင်ငံ )တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ - ၅၂ တွင် ‘ရွှေဇင်’ ကလောင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ စရေးခဲ့၏။ ၁၉၅၃ တွင် လူငယ်ဂျာနယ်၌ ‘ဆင်ဖြူကျွန်းအောင်သိန်း’ ကလောင်အမည်ဖြင့် ကဗျာများ စရေး၏။ ၁၉၅၃ သွေးသောက်မဂ္ဂဇင်းပါ ‘စွပ်ကြယ်’ သည် ဆင်ဖြူကျွန်းအောင်သိန်း၏ ပထမဆုံး ဝတ္ထုတို ဖြစ်သည်။ ‘လွမ်းယမုံဦး’ (၁၉၅၇) သည် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည်။

ကိုဆေးရိုး အဓိက ဇာတ်ဆောင်ပြု ဝတ္ထုတိုများ သည် သူ၏ ထင်ရှားသော ဝတ္ထုတိုများ ဖြစ်သည်။ ထိုဝတ္ထုတိုများကို စုပေါင်း၍ လေးတွဲ ထုတ်ခဲ့၏။ ‘ဂဠုန်ဆရာစံ’ (၁၉၆၅) ၊ ‘သွေးစွန်းသောလက်’ (၁၉၆၆) ၊ ‘လယ်သမားသူပုန်’ (၁၉၇၀)၊ ‘သတ်ရဲသည်သေရဲသည်’ (၁၉၆၉)၊ ‘နီရဲသောဗိုလ်ဥတ္တမ’ ( ၁၉၇၀ ) စသည့် ဝတ္ထုများနှင့် ‘နေမင်းလမင်းသိန်းရာထောင်’ (၁၉၆၅) ပြဇာတ်များကို ရေးခဲ့၏။ ၁၉၉၀ ပြည့်နှစ် အတွက် အမျိုးသားစာပေဆုကို ‘ကိုဆေးရိုး (၄)’ စာအုပ်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ထို့ပြင် ၂၀ဝ၅ အတွက် အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို ‘နေမင်းတစ်ထောင် (၈) တွဲ’ ဖြင့် ရရှိခဲ့သည်။ ၂၀ဝ၈ တွင် အမျိုးသားစာပေ တစ်သက်တာ ဆုကိုလည်း ရရှိခဲ့ပေသည်။ ဆင်ဖြူကျွန်းအောင်သိန်းသည် အမည်ရင်း ဦးကြည်အေးဖြင့်လည်း စာအုပ်များ ရေးခဲ့သည်။ အခြားထင်ရှားသော ကလောင်အမည်ပွားတစ်ခုမှာ ‘ဇင်အောင်’ ဖြစ်သည်။

0 Reviews