BOOK DETAILS

အင်္ဂါဂြိုလ်သား

Language : မြန်မာ
Publisher :  အမတ နှင်းဆီ စာပေ
Year :  2021
File Info :  

မူရင်း Digital Ebook များကို ဝယ်ယူအားပေးခြင်းဖြင့် အားပေးကူညီပါ။

Click here to buy.


"ကျွန်တော့်အသက်ကိုကယ်ဖို့ ကုန်ကျစားရိတ်က သန်းပေါင်းရာနဲ့ချီမှာပဲ။ ဒီ အူကြောင်ကျား ရုက္ခဗေဒပညာရှင် တစ်ယောက်ကို ကယ်ဖို့ ဘာလို့ဒီလိုတွေ လုပ်ခဲ့ကြတာလဲ။

အင်း.. ဟုတ်ပါတယ်။ အဖြေကို ကျွန်တော်သိပါတယ်။ အကြောင်းပြချက် တချို့က ကျွန်တော်ကိုယ်စားပြုတဲ့ အရာတွေအတွက်လို့ ပြောရမယ်။ တိုးတက်မှု၊ သိပ္ပံပညာ၊ ကျွန်တော်တို့ လူသားတွေ ရာစုနှစ်ပေါင်းများစွာ စိတ်ကူးယဉ် အိပ်မက်မက်ခဲ့တဲ့ ဂြိုဟ်ကမ္ဘာခြား ခရီးသွားခြင်းပေါ့ဗျာ။ အဲဒါတွေပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က လူသားတွေဖြစ်လို့ပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီကယ်တင်တတ်တဲ့ အခြေခံ လူသား ပကတိစိတ် ကြောင့်ပါပဲ။ တစ်ခါတလေ အဲဒါကြောင့်လို့ ထင်ချင်မှ ထင်ရမယ်။ ဒါပေမဲ့ အမှန်က အဲဒါ‌ကြောင့်ပါပဲ။

တောင်တက်သမားတစ်ယောက် လမ်းပျောက်သွားရင် လူတွေစုပြီး ရှာဖွေရေးလုပ်ကြတယ်။ ရထားတိုက်ရင် လူတွေ တန်းစီပြီး သွေးလှူကြတယ်။ ငလျင်လှုပ်လို့ မြို့ပျက်ရင် တစ်ကမ္ဘာလုံးကလူတွေ အရေးပေါ် အထောက်အပံ့ တွေ ပို့ကြတယ်။ ဒါဟာ လူသားအဖြစ်ရဲ့ အခြေအခံအကျဆုံး စိတ်တစ်ခုပဲမို့ ယဉ်ကျေးမှု အဆောက်အဦတိုင်းက ချွင်းချက်မဲ့ ကျင့်သုံးကြတာ။ ဟုတ်တယ်။ လောကမှာ ဘာကိုမှ ဂရုမစိုက်တဲ့ လူစွာတွေရှိတယ်။ ဒါပေမဲ့ တကယ် ဂရုစိုက်တဲ့လူတွေက အဆပေါင်းများစွာ ပိုများနေတယ်။ အဲဒါကြောင့် ကျွန်တော့်ဖက်မှာ လူ သန်းထောင်ပေါင်းများစွာ ရှိနေခဲ့တာ"

အင်္ဂါဂြိုဟ်သားထဲက ကောက်စာပါ။

0 Reviews