BOOK DETAILS

အမွေ

Language : မြန်မာ
File Info :  

kfx


About Author

အောင်သင်း
5 Books

အောင်သင်း (၁၉၂၇ ခုနှစ် - ၂၀၁၄ ခုနှစ်)သည် မြန်မာ နိုင်ငံသား စာရေး ဆရာ တစ်ဦး ဖြစ်သည်။ ထို့အပြင် ရန်ကုန် တက္ကသိုလ်၊ မော်လမြိုင် ဒီဂရီ ကောလိပ်နှင့် ပြင်ဦးလွင် စစ် တက္ကသိုလ်တို့တွင် တက္ကသိုလ် ဆရာ တစ်ဦး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ ‘သရက်ထောင်ဖောက်ခဲ့စဉ်က’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ ရှုမဝမဂ္ဂဇင်းသို့ ပို့ခဲ့သည်။ သို့သော် ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမဝက ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့သည်။ ထို့နောက် မြဝတီမဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ ၁၉၅၉ ခုနှစ်တွင် မေလထုတ် မြဝတီမဂ္ဂဇင်းတွင် သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးဖော်ပြခံရသည်။ ထိုဆောင်းပါးသည် အောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်သည်။ ဝိဇ္ဇာတန်းကို ၁၉၆၀ ခုနှစ်တွင် မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး(၂)ပုဒ် (လူသေလူမဖြစ်မီက ရှင်ဥက္ကဋ္ဌ ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ် ကဗျာဘာသာ ပြန်(၁)ပုဒ်ကို ကလောင်ခွဲအမည် မောင်သံနိုင် အမည်ဖြင့် ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခ ဦးဝန်လက်ထက်၌ ‘မြန်မာစာမဟာဝိဇ္ဇာ အရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်” ဖြေဆိုအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ၁၉၆၂ ခုနှစ်တွင် နည်းပြဖြစ်လာသည်။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူသည်။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့သည်။ နောက်ပိုင်းတွင် အမည်ရင်း အောင်သင်း ဖြင့်သာ အသုံးပြုခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့သည်။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း(၃)ပုဒ်ရေးခဲ့ရာ (၂)ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဋ္ဌာန်းခဲ့သည်။

ပြင်ဦးလွင်စစ်တက္ကသိုလ် မြန်မာစာဌာနသို့ ၁၉၆၅ မေလတွင် လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့အမှုထမ်းရသည်။ ထိုနောက် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ၁၉၇၀ အောက်တိုဘာလတွင် ဆက်တက်ခဲ့သည်။ ရှုမဝမဂ္ဂဇင်း၌ မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့သည်။ ”ဝတ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ၁၉၇၄ တွင် ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။ ဧပြီလ ၁၉၇၈ တွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရသည်။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေးခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ၁၉၈၃ နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ် ၁ မှစ၍ ၂၅ လတိုင်တိုင်၊ အကြိုက်ဆုံးဝတ္ထုတိုကို လစဉ်ရေးသားခဲ့သည်။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးသည်။ ပိဋကတ်မိတ်ဆက်၊ ဂန္ထဝင် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များလည်းထွက်ခဲ့သည်။ နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့သည်။

1 Review



Htet Shine
1 month ago

kfx file တွေကဘယ်လိုဖတ်ရတာလဲ admin သိတဲ့သူရှိရင်လည်းပြောပြပေးပါ