BOOK DETAILS

အလံမထူသောလက်များ

Language : မြန်မာ
File Info :  

azw3, နစကဘ, ု်ထ


About Author

တာရာမင်းဝေ
8 Books

တာရာမင်းဝေ သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့ပါသည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။ ၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောက ထဲကို ခြေစုံပစ် ဝင်ရောက် ခဲ့ပါသည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန် ၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ ဖြစ်သည်။

၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် ပန်းခေတ်က လမင်း ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့ပါသည်။ ၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်၎င်း ၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် ၎င်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့ပါသည်။ မီးခိုးဖြူ ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အာလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့ပါသည်။

စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။

တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။

0 Reviews