BOOK DETAILS

ဥတ္တရအလင်း

Language : မြန်မာ
Publisher :  နေရီရီစာအုပ်တိုက်
File Info :  kfx

ယခုစာအုပ်သည် သတင်းစာလောကအကြောင်း မီးမောင်းထိုးပြထားသည့်စာအုပ်ဖြစ်ပါတယ်။သတင်းစာအလုပ်ကို သာသနာပြုလုပ်ငန်းလို့ သဘောထားသော “တိုင်းပြုပြည်ပြု”သတင်းစာနှင့် သတင်းစာလုပ်ငန်းကို စီးပွားရေးရှာနဲ့ ကိုယ့်ကိုကိုယ် နာမည်ကြီးအောင် လုပ်ဖို့ အသုံးချသည့် သတင်းစာတွေအကြောင်းကို ရှင်းခနဲ ထင်းခနဲမြင်သာအောင် ရေးသားတဲ့အတွက် “မုဆိုးစိုင်သင်”စမ်းတဝါးဝါး လုပ်နေရသည့် လူငယ်များအတွက် အထောက်အကူ ရစေနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

About Author

ဟံသာဝတီဦးဝင်းတင်
2 Books

ဆရာကြီး ဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်အမာတို့မှ ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ ၌ မွေးဖွားခဲ့သည်။ ဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုကာလအတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ထိုခရီးစဉ် အတွင်း ရောက်ရာ အရပ်မှ နေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

ဆရာကြီး ဦးဝင်းတင်သည် သတင်းစာ ဆရာ ဘဝ ကိုသာ မြတ်နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမယ်လို့ ကမ်းလှမ်း ခဲ့ဖူး သော်လည်း၊ ဦးဝင်းတင်သည် ထို ကမ်းလှမ်းချက်ကို လက်မခံ ခဲ့ပေ။ ၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့သည်။ မန္တလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်းကာ သတင်းစာ သတင်းများ တွင်လည်း ပို့ချပေး ခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်း တို့နှင့် အတူ အထူး အားထုတ် ခဲ့သူ ဖြစ်သည်။

၁၉၇၇ - ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည်။ ထို ဖြစ်ရပ်၏ ရလဒ် အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ် ခဲ့သည်။

ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို 'ပေါ်သစ်' အမည်ဖြင့် ရေးသား ခဲ့ပြီး၊ 'ကွိ'၊ 'ဥတ္တရ အလင်း' စသည့် ဘာသာပြန် စာအုပ်များ ကိုလည်း ရေးသား ခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည်။ ပန်းချီ အကြောင်း ဖြစ်တဲ့ 'အလှ ရှာပုံတော်' ကိုလည်း ရေးသား ခဲ့သည်။ ဦးဝင်းတင် ရေးသား ထုတ်ဝေခဲ့သည့် အခြား စာအုပ်များမှာ 'ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)' ဖြစ်သည်။

0 Reviews