BOOK DETAILS

ခေတ်သစ်ရာဇဝင်

Language : မြန်မာ
File Info :  kfx

၁၈ ရာစုကုန်ခါနီးအချိန်မှ ၂ဝ ရာစုလယ်အထိ ကမ္ဘာ့နိုင်ငံရေးအဖြစ်အပျက်များ၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတိုးတက်ပြောင်းလဲပုံများကို အပိုင်းများခွဲခြား၍ ရေးသားပြုစုထား သည့် စာအုပ်ဖြစ်သည်။ ကမ္ဘာ့သမိုင်းအကျဉ်းကို တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ရောက်ခါစ ကျောင်းသားများ သိစေရန် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သည်။

About Author

ဒေါက်တာသန်းထွန်း
2 Books

ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) သည် မြန်မာနိုင်ငံမှ ထင်ရှားသော သမိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ ဘဝတစ်သက်တာလုံး မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရပ်များ ဖြစ်ထွန်းတိုးတက်ခြင်းအပေါ် အကျိုးပြုခဲ့သူတစ်ဦးဖြစ်ကာ သက္ကရာဇ် (၂၀၀၀) တွင် ဖူကုအိုကာ အာရှယဉ်ကျေးမှုဆု ချီးမြှင့်ခံရသည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရပြီး ၁၉၆၅ မှ ၁၉၈၂ အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ တိုကျိုတက္ကသိုလ် အရှေတောင်အာရှ ပညာဌာနသို့ ထွက်ခွာခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မြန်မာပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည်။ တိုကျိုတက္ကသိုလ်နိုင်ငံခြားပညာဌာန၊ အာဖရိကနှင့် အာရှဘာသာစကားနှင့် ယဉ်ကျေးမှုပညာဌာန၊ တိုကျို ခရစ်ယာန်တက္ကသိုလ်နှင့် အိုဆာကာမြို့ အိုဆာကာ တက္ကသိုလ်တို့တွင် သုတေသနပြုသူနှင့် ဧည့်ပါမောက္ခအဖြစ် ၅ နှစ်အကြာမျှ တာဝန်ယူခဲ့သည်။ ထို့နောက် ဒေါက်တာသန်းထွန်းသည် အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ မြောက်အီလီနွိုင်းတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုတက္ကသိုလ်မှ စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရသည်။ စာမျက်နှာ ၇၆၀၀ ရှိသော ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်များကို ပြုစုရေးသားထုတ်ဝေခဲ့သည့်အပြင် ရှေးခေတ်မြန်မာ့သမိုင်းနှင့် ဆိုင်သော အခြားစာပေများကို ရေးသားပြုစုခဲ့သည်။ သို့သော် အများစုမှာ မြန်မာဆင်ဆာအဖွဲ့၏ တင်းကျပ်မှုကြောင့် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါ။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် လန်ဒန်တက္ကသိုလ်မှချီးမြှင့်သော စာပေ ပါရဂူဘွဲ့ ကိုလက်ခံရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရှေ့မှောက်တွင်ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူသည်။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်၌ ပြန်လည်ရောက် ရှိပြီး ၁၉၉၁တွင် မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် အဘိဓာန် ပြုစုရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ်လည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ မြန်မာ့သမိုင်းကော်မရှင်၏အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်း ပညာဌာန အစရှိသည့် ဌာနများတွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါသည်။

0 Reviews