BOOK DETAILS

၅၅၀ ဇာတ်ပင်လယ်

Language : မြန်မာ
File Info :  kfx

ဂေါတမ မြတ်စွာဘုရား ဘုရားမဖြစ်ခင် ဖြစ်ခဲ့သော ဘဝပေါင်း ၅၅ဝ (အတိအကျဆို သော် ၄၉၇ ဇာတ်)ကို အကျယ်မဖတ်လိုဘဲ အကျဉ်းဇာတ်လမ်းမှသိလိုသူများအတွက် ဇာတ်တော် ၅၅ဝ ကို လွယ်ကူသော စကားပြေဖြင့် ဆရာကြီးမင်းသုဝဏ်မှ ရေးသားပေးထားခြင်းဖြစ်သည်။ ထိုသို့ရေးသားရာတွင် ခေတ်လူငယ်များ နားလည်ရခက်စေမည့် ပါဠိများမပါစေဘဲ မြန်မာစကားပြေ သက်သက်ဖြင့်သာ ရေးသားထားသည့်အတွက် ဇာတ်ကြောင်း အသွားအလာနှင့် ဇာတ်တစ်ခုချင်းစီ မှ ပေးမည့် သင်ခန်းစာများကို အခက်အခဲမရှိ အလွယ်တကူ နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။ ဆရာကြီးသည် ဤဇာတ်တော်များကို ရတနာမွန် ဘာသာရေးစာစောင်တွင် ဦးစွာ လစဉ် ရေးသားခဲ့ပြီး အစအဆုံး ရေးသားပြီးစီး၍ ယခုကဲ့သို့ စာအုပ်အဖြစ်ထုတ်ဝေထားခြင်းဖြစ်သည်။

About Author

မင်းသုဝဏ်
1 Book

ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွမ်းပင်၊ အမိ ဒေါ်မိ တို့က ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက်တွင် ဒုတိယ မြောက်ဖြစ်ပြီး မွန် - မြန်မာ မျိုးရိုး ဖြစ်သည်။ အမည်ရင်း ဦးဝန် ဖြစ်သည်။ မြင်းခြံကုန်းမြို့ ကြားကျောင်း ခေါ် ရွှေကျင် ကျောင်းတိုက် [ဆရာ ဦးဖိုးလှိုင်ကျောင်း] (၁၉၁၆ ခန့်)၊ အမျိုးသားကျောင်း (၁၉၂၁)၊ ရန်ကုန်မြို့ စိန်ဂျွန်းကျောင်း (၁၉၂၃)၊ ၁၉၂၆ မတ်လ အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ် စာမေးပွဲတွင် စတုတ္ထ ရ၍ အောင်မြင် ခဲ့သည်။ ၁၉၂၉ မတ်လ ဆယ်တန်း စာမေးပွဲကို ပထဝီဝင် ဂုဏ်ထူးနှင့် အောင်၍ ယူနီဘာစီတီ ကောလိပ်သို့ တက်ရောက် (၁၉၂၉-၃၁)၊ ဝိဇ္ဇာ ဂုဏ်ထူးတန်းကို မြန်မာစာ ပထမ အဆင့်ဖြင့် အောင် (၁၉၃၃)၊ မဟာ ဝိဇ္ဇာ မြန်မာစာ ဂုဏ်ထူးတန်းကို ဒုတိယ အဆင့်ဖြင့် အောင် (၁၉၃၅)၊ အင်္ဂလန် နိုင်ငံ အောက်စဖို့ တက္ကသိုလ်တွင် ပညာတော် သင် (၁၉၃၈)၊ အောက်စဖို့ တက္ကသိုလ်မှ စာပေ ဝိဇ္ဇာဘွဲ့ ရရှိ (၁၉၃၉)၊ အမေရိကန် ပြည်ထောင်စု ယေးလ် တက္ကသိုလ် (၁၉၅၂) တွင် ဘာသာ ဗေဒ ပညာ ဆည်းပူး ခဲ့သည်။ မြန်မာစာ ဌာန အချိန်ပိုင်း နည်းပြ (၁၉၃၃ - ၃၅)၊ အချိန်ပြည့် နည်းပြ (၁၉၃၅) နှင့် တက္ကသိုလ် ကျောင်းတိုက် မြန်မာစာ အသင်း အတွင်းရေးမှူး၊ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်း အတွင်းရေးမှူး၊ ကောလိမ် မဂ္ဂဇင်း မြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာ၊ လက်ထောက် ကထိက (၁၉၃၉)၊ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာ့ တံခွန် အသင်း အဘိဓာန် လုပ်ငန်းကို ဦးဆောင် (၁၉၄၂)၊ ရန်ကုန် ရွှေဘုံသာလမ်း အရေးပေါ် တက္ကသိုလ် မြန်မာစာ လက်ထောက် ကထိက (၁၉၄၅)၊ ကထိက (၁၉၄၆)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန ဌာမှူး (၁၉၄၈) နှင့် မြန်မာ နိုင်ငံ သုတေသန အသင်း ဂျာနယ် စာတည်း၊ တက္ကသိုလ်များ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး (၁၉၅၃)၊ မြန်မာစာ ဌာန ပါမောက္ခ (၁ မတ် ၁၉၆၁ မှ ၁၂ မေ ၁၉၆၂ ထိ) နှင့် တက္ကသိုလ် စာအုပ် ထုတ်ဝေ ဖြန့်ချီရေး ကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အဖွဲ့ဝင်၊ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး အဖြစ် တာဝန်ယူ (၁၉၆၂)၊ စာတည်းမှူး အဖြစ်မှ အငြိမ်းစား ယူ၍ ပညာရေး ဌာနတွင် ပညာရေး အထူး အရာရှိ (၁၉၆၈)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ (၁၉၇၀)၊ ၃၁ မေ ၁၉၇၁ တွင် ပညာရေး အထူး အရာရှိ အဖြစ်မှ အနားယူ ခဲ့သည်။ ဂျပန် နိုင်ငံ အိုဆာကာမြို့ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် (၁၉၇၅ - ၇၉) ဆောင်ရွက် ခဲ့သည်။ အိန္ဒိယ နိုင်ငံ (၁၉၄၇)၊ တရုတ် - ဆိုဗီယက် - ပိုလန် - ချက်ကို စလို ဗက်ကီးယား - အရှေ့ ဂျာမနီ (၁၉၅၇)၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ (၁၉၆၁) သို့ သွားရောက် ခဲ့သည်။ ၁၉၂၆ ခုနှစ်ထုတ် ဒဂုန် မဂ္ဂဇင်းတွင် ပထမဆုံး ကဗျာ ဖော်ပြခြင်း ခံရသည်။ ကဗျာ၊ ပုံပြင်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဝေဖန်စာ အမြောက်အမြား ရေးသားခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ 'မောင်ခွေးဖို့ ကလေး ကဗျာများ' (၁၉၄၀)၊ 'သပြေညိုနှင့် အခြား ကဗျာများ' (၁၉၄၁)၊ 'စာပေ လောက' (၁၉၄၈) [ဇော်ဂျီနှင့် တွ္ပဲ၍]၊ 'တက္ကသိုလ် မြန်မာ အဘိဓာန်' [ငါးပိုင်း] (၁၉၅၂ - ၆၄)၊ 'သုံးပွင့်ဆိုင် ခေတ်စမ်း စာပေ' (၁၉၅၅) [သိပ္ပံ မောင်ဝ၊ ဇော်ဂျီနှင့် တွ္ပဲ၍]၊ 'ကဗျာ့ ပရိယာယ်' (၁၉၆၃) [မင်းယုဝေနှင့် တွဲ၍]၊ 'ကလေး ပုံပြင်များ' (၁၉၆၅)၊ 'ခရီးသည်' (၁၉၆၅) [ဇော်ဂျီနှင့် တွဲ၍]၊ 'ပန်းနှင့် ပင်စည်' (၁၉၆၅)၊ 'မြန်မာစာ မြန်မာမှု' (၁၉၆၅)၊ 'ပျဉ်းမငုတ်တို' (၁၉၆၈)၊ 'ရေချမ်းစင်' (၁၉၇၀)၊ 'အင်းလျား ကန်သို့ အို ကူးတို့' (၁၉၄၇)၊ 'လီယာမင်းကြီး' (၁၉၈၄)၊ 'ကဗျာ ပေါင်းချုပ်'၊ 'မင်းသုဝဏ် ဝတ္ထုတိုများ' (၂၀၀၂) တို့ ဖြစ်ကြသည်။ 'လီယာမင်းကြီး' ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန် ရသ) (၁၉၄၈) ချီးမြှင့် ခံခဲ့ ရသည်။ ဝဏ္ဏကျော်ထင် (၁၉၅၀)၊ သီရိပျံချီ (၁၉၆၂) ဘွဲ့များ ရရှိ ခဲ့သည်။ မြန်မာ နိုင်ငံ သုတေသန အသင်း အတွက် ဂါမဏိ စန္ဒပျို့၊ တောင်ငူဆို ရတု အဖြေ၊ ဥမ္မာ ဒန္တီပျို့၊ သျှင်မဟာ ရဋ္ဌသာရ၏ ပကိဏ္ဏက စာစု (ဦးအုန်းရွှေနှင့် တွဲဖက်လျက်) တို့ကို တည်းဖြတ် ပေးခဲ့သည်။ ၂၀၀၄ ခု သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁:၃၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် သပြေညို နေအိမ်၌ ကွယ်လွန် ခဲ့သည်။ ဆရာ မင်းသုဝဏ်၏ စာပေ စကား ကဏ္ဍတွင် ကျောင်းသုံး မြန်မာ စာအုပ်ပါ ဆရာ ရေးဖွဲ့သော 'သပြေညို'၊ 'ပျဉ်းမငုတ်တို'၊ 'ဗြောသံ'၊ 'တို့မလေး'၊ 'ဖိုးမောင်လာပြီ'၊ 'ပေါက္ကံပြည်၌' စသော ကဗျာများ အကြောင်းနှင့် အခြား စာပေ ရေးရာများ ပါဝင် ပါသည်။

0 Reviews