BOOK DETAILS

မန်းလေးသူ မန်းလေးသားများ

Language : မြန်မာ
Pages :  162
File Info :  mobi

မန္တလေးသူ၊ မန္တလေးသားများ အစဉ်အမြဲ ဂုဏ်ယူနေရမည့် သူဌေးဦးသက်ရှည် သားဦးကျော်၊ ရတနာပုံဆီစက် ဦးသိန်း၊ နဂါးဒေါ်ဦး၊ မိုက်သမား မိုက်သူကြီး၊ ဟင်္သာပြဒါးကျော်၊ ကျောင်းစာဝန်ဟောင်း ဦးမြ၊ ကျားဘညိမ်း၊ ဗန္ဓုလဦးဆိုင်၊ ဆရာဆိုင်နှင့် အခြားပုဂ္ဂိုလ်ကျော်များ အကြောင်းကို အားကျဖွယ် ဖတ်ရှုရမည်ဖြစ်သည်။ ထိုစီးပွားရေး၊ အနုပညာ၊ စာပေပုဂ္ဂိုလ်ကျော်များ ခေတ်ကို မှီလိုက်သူ လူထုအမေ လူထုဒေါ်အမာက သူတို့အကြောင်းကို သူ့ကိုယ်တွေ့များနှင့်အတူ စိတ်ဝင်စားဖွယ်ရေးသားထားသည်ကို တွေ့ရသည်။

About Author

လူထုဒေါ်အမာ
1 Book

လူထုဒေါ်အမာသည် မြန်မာလူမျိုး အမျိုးသမီး စာရေးဆရာတစ်ဦးဖြစ်ပြီး အဖ ဦးထင်၊ အမိ ဒေါ်စုတို့က ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးမြို့၊ ဂုန္တန်ရပ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၂ ယောက်အနက် စတုတ္ထသမီးဖြစ်သည်။၁၉၂ဝ ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်း၌ ဒုတိယတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အေဘီအမ် ကျောင်းတွင် ၁၉၂၃ မှ ၁၉၃၁ ထိ ပညာ ဆက်လက် သင်ကြား ခဲ့ပြီး ဆက်တန်းကို မန္တလေး ဗဟို အမျိုးသား ကျောင်းမှ ၁၉၃၃ တွင် အောင်မြင် ခဲ့သည်။ မန္တလေး ဥပစာ ကောလိပ် (၁၉၃၃-၁၉၃၅)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၆-၁၉၃၇) တို့တွင် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၆ တွင် အင်းလျားဆောင် သဟာယနှင့် စာဖတ် အသင်း၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်ကြီးတွင် တက်ကြွစွာ ပါဝင် ခဲ့သည်။ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ် တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသား ခဲ့သည်။ ကြီးပွားရေး ဦးလှနှင့် စတင် သိကျွမ်း ခဲ့ပြီး၊ ကြီးပွားရေး မဂ္ဂဇင်း၌ ကလောင် အမည် ခင်လဝင်း၊ မြမဉ္စူ ကလောင် အမည်များဖြင့် ရေးသား ခဲ့သည်။၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trials In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ’ အမည်ဖြင့် ဆရာကြီး ဦးရာဇတ်၏ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်တွင် အမည် ထင်ရှား လာခဲ့သည်။နိုင်ငံရေးကြောင့် မိသားစု တခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ ခဲ့ရသော်လည်း လောကဓံ အထု အထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန် အထိ နိုင်ငံရေး လူမှုရေး အရ ပြည်သူ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထု ချစ်တဲ့ စာရေး ဆရာမကြီး တဦး ဖြစ်သည်။၁၉၄၂ - ၄၄ ခု ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့ နေထိုင်ပြီး၊ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင် ခဲ့သည်။၁၉၄၅ ဇူလိုင်မှာ လူထု ဂျာနယ် စတင် ထုတ်ဝေတဲ့ အခါ လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ပြီး၊ ၁၉၄၆ ဧပြီ ၁၉ ရက်နေ့မှာ လူထု သတင်းစာ စတင် ထုတ်ဝေတဲ့ အခါ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ကာ ‘ဖခင် အောင်နိုင်’ ကလောင်ခွဲနဲ့ ‘နိုင်ငံရေး ဆွေးနွေးခန်း’ ပင်တိုင် ဆောင်းပါးကို ရေးသား ခဲ့သည်။ ၁၉၄၆ မေလမှာ လူထု ဂျာနယ်ကို ရပ်နား ခဲ့သည်။၁၉၅ဝ နိုဝင်ဘာ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ လူထု သတင်းစာကို ပြန်လည် ထုတ်ဝေ ခဲ့သည်။ ဩဂုတ် ၁ ရက်နေ့မှာ လူထု ဂျာနယ်ကို ပြန်လည် ထုတ်ဝေ ခဲ့သည်။ လူထု ဂျာနယ်နှင့် လူထု သတင်းစာကို တွဲ၍ ပြန်လည် ထုတ်ဝေ ခဲ့ချိန်မှ စ၍ ခင်ပွန်း နှင့်အတူ သတင်းစာ၊ ဂျာနယ် လုပ်ငန်း များကို ဇောက်ချ လုပ်ကိုင် ခဲ့ပြီး၊ လူထု ဒေါ်အမာ ဟူ၍ အမည် တွင်လာ ခဲ့သည်။၁၉၆၄ တွင် ‘ပြည်သူ ချစ်သော အနုပညာရှင်များ’ စာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေ ပထမဆုကို ရရှိ ခဲ့သည်။၁၉၇ဝ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မန္တလေး ကွန်သာယာ စာတမ်း ဖတ်ပွဲမှာ ‘ဗမာ့ ဖန်ကျီ လုပ်ငန်း’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၁ မန္တလေး ဓမ္မ ဗိမာန်မှာ ‘ကနေ့ ဗမာသဘင်’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၆ ဩဂုတ် ၁၉ ရက်နေ့ ဟံသာဝတီ သတင်းစာ ‘စနေ စာပေဝိုင်း’ စာတမ်း ဖတ်ပွဲတွင် ‘အတ္ထုပ္ပတ္တိ စာပေ’ စာတမ်း ဖတ်ကြား တင်သွင်း ခဲ့သည်။၁၉၉၂ ခုနှစ် အတွင်း ရနံ့သစ် မဂ္ဂဇင်း၌ ဇမ္ဗူ ဒီပါ အောင်ထွန်း ကလောင် အမည်ခွဲဖြင့် နိုင်ငံတကာ ဆောင်းပါးများကို ရေးသားခဲ့သည်။ ၁၉၉၅ မန္တလေးမြို့ ဗဟို အမျိုးသားကျောင်း ကျောင်သား ဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ထင်ရှားသော စာအုပ်များမှာ မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူ ချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇) ၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်း တင်မောင် (၁၉၇ဝ)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်း ဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်း ဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ ရှေးစကား (၁၉၉၇) တို့ ဖြစ်ကြသည်။

1 Review



Thandar Oo
1 year ago

iOS အတွက် epub လေးတင်ပေးပါဦး