BOOK DETAILS

သတ္တဝါတို့၏သံသရာ

Language : မြန်မာ
Pages :  161
File Info :  mobi

ကိုယ်တိုင် ကြက်တိုက်သမား၊ မြင်းလှည်းသမားဘဝကို ဖြတ်သန်းခဲ့ရသူ စာရေးသူ သည် တိရစ္ဆာန်များ၏ သဘာဝနှင့် ဘဝကို ဝတ္ထုတိုများအဖြစ် ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ပေဖူးလွှာ မဂ္ဂဇင်းတို့တွင် ရေးသားခဲ့ရာ ယခုစာအုပ်မှာ ထိုဝတ္ထုတိုများ စုစည်းမှု ဖြစ်သည်။ မာတိကာနှင့် စာအုပ်အပေါ် စာသုတေသီဆိုသူ၏ သုံးသပ်ချက်ကို စာမြည်းရန်တွင် ဖတ် ရှုနိုင်ပါသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၆၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုတို ပေါင်းချုပ်) (ဒုတိယဆု)နှင့် ၁၉၆၇ ခုနှစ်အတွက် စာပေဗိမာန်ဆုတို့ကို ရရှိခဲ့သည်။

About Author

သော်တာဆွေ
7 Books

သော်တာဆွေသည် ကျော်ကြားသော ဟာသစာရေးဆရာတစ်ယောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးကြင်ဆွေဖြစ်သည်။ စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၂၆ရက် တနင်္လာနေ့တွင် ပေါင်းတည်မြို့ အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့်ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။ငယ်စဉ်ကပင် စာ၊ ကဗျာစသည်တို့ကို ဝါသနာပါခဲ့ပြီး ကျောင်းသားဘဝကတည်းက ကဗျာများ ရေးသားခဲ့ဖူးသည်။ ဖခင်ကြီးက အိမ်ပေါ်မှ နှင်ချသည့်အခါ စိတ်အညစ်ကြီးညစ်ကာ ရှုမဝမဂ္ဂဇင်းတွင် ဟာသဝတ္ထုများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် ရှုမဝတွင် ပထမဆုံး စာမူပါလာသည်။ ဘရန်ဒီတစ်ပုလင်း သည် အဦးဆုံးဝတ္ထုတို ဖြစ်သည်။

ယင်းနောက် ဆရာကြီး ရွှေဥဒေါင်းနှင့်တွေ့ကာ စာများ စရေးဖြစ်ခဲ့ပြီး စုံထောက်ဝတ္ထုများ ရေးဖြစ်လာသည်။ ရှုမဝမှ အပါယ်ရတနာ (၁၉၄၇)၊ ရန်အောင် ရတနာ (၁၉၄၈) စသော စာအုပ်များ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် အခြား စာစောင်မဂ္ဂဇင်းများတွင် ကူးပြောင်း ရေးသားခဲ့သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင် အဟိ လစဉ် ဟာသမဂ္ဂဇင်းကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။ သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေလေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်းသွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။

0 Reviews