14
Books
မင်းသိင်္ခ (၁၉၃၉−၂၀၀၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဗေဒင်ပညာရှင် ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ၁၉၅၄ ခု၊ အထက်တန်းကျောင်းသားဘဝတွင် မေ့ပင်အောက်က ထွက်ခဲ့ပါ ဝတ္ထုကို အောင်စိုး (အညတရ) အမည်နှင့် ရေးကာ စာပေနယ်သို့ ရောက်သည်။ ၁၉၇၄ ခု၊ ဇူလိုင်လထုတ် ပြစ်မှု မဂ္ဂဇင်းတွင် ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာ သတ်မှု ကို အောင်သင်း ကလောင်နှင့် ရေးသည်။ မနုစာရီ လုံးချင်းကို စရေးမှသာ မင်းသိင်္ခ အမည်ကို ခံယူသည်။
မကွယ်လွန်မီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစိစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။
၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ (၁၀၀) ကျော်ရေးသား ထုတ်ဝေခဲ့သည်။
1 Review
Myat Min Khant
9 months agoကျေးဇူးပါဆရာကြီးမင်းသိခ်