BOOK DETAILS

ပန်းထွာဘုရင်မ

Language : မြန်မာ
Pages :  243
Year :  2007
File Info :  epub, azw3

ဗိဿနိုးခေတ်၏ အထင်ကရဖြစ်သော ပန်ထွာဘုရင်မအကြောင်းကို တောင်တွင်း ကြီးသမိုင်း၊ တောင်တွင်းကြီးရာဇဝင်သစ်၊ ဗိဿနိုးမြို့ဟောင်း၊ သီရိခေတ္တရာစာစောင်၊ ဗိဿနိုး၊ ဘုရင်မ၊ မှန်နန်းရာဇဝင်အပါအဝင် ကျမ်းကြီးများကို ကိုးကားကာ ဝတ္ထုပုံစံဖြင့် စိတ်ဝင်စားအောင် ရေးသားထားခြင်း ဖြစ်သည်။ ပန်ထွာဘုရင်မ၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နောက်ဆုံးမေတ္တာရေး ပါမကျန်ရလေအောင် ထောင့်စုံအကွက်စုံ ရေးသားဖော်ထုတ်ထားသဖြင့် ပန်ထွာဘုရင်မကို အမည် ကြားဖူးရုံမျှသာကြားဖူးပြီး သေသေချာချာမသိသေးသူများ အံ့သြချီးမွမ်းဖွယ် ဖတ်ရှုရမည်ဖြစ်သည်။

About Author

စိမ့် (ပညာရေး)
2 Books

စိမ့်-ပညာရေး သည် မြန်မာနိုင်ငံရှိ စာရေးဆရာမ တစ်ဦးဖြစ်ပြီး စာရေးဆရာ တက္ကသိုလ်စိန်တင်၏ ဇနီးလည်းဖြစ်သည်။ တိုင်းရင်းမေဂျာနယ်၊ ယုဝတီဂျာနယ်၊ သင့်ဘဝမဂ္ဂဇင်းတို့တွင် တင်ဝဇီ(ရွှေမြိုင်) ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ၁၉၇၆-ခုနှစ်တွင် စိမ့်(ပညာရေး) ကလောင်အမည်ဖြင့် ဒိုင်းခင်ခင် (ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ)၊ ပုဂံရွှေရုပ်လွှာ(၁)(၂)၊ ပတ္တမြားငမောက်၊ ရာဇဓာတုကလျာ၊ ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ စသည့် လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာဓမ္မခရီးသည် စာအုပ်နှင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ စာအုပ်တို့ကို တက္ကသိုလ်စိန်တင်နှင့် တွဲဖက်၍ ရေးသားခဲ့သည်။

မိုးမခမြိုင်၊ (၄၆) ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၌ နေထိုင်လျက်ရှိပြီး စာအုပ်စာပေ များကို ရေးသား ပြုစုလျက် ရှိသည်။

1 Review



Yin Muyar Aung
1 week ago

KFX please