BOOK DETAILS

အချစ်

Language : မြန်မာ
File Info :  epub, kfx

About Author

သုမောင်
4 Books

ဦးသုမောင် (၁၉၅၁ - ၂၀၁၀) သည် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ သရုပ်ဆောင်နှင့် အဆိုတော် အဖြစ်ပါ အောင်မြင် ကျော်ကြားသည့် စွယ်စုံရ မြန်မာ့ အနုပညာရှင် တစ်ဦးဖြစ်သည်။ ယုဝတီဂျာနယ်တွင် စာပြင်အဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများ ရေးသားခဲ့သည်။ ပထမဦးဆုံး ဝတ္ထုတိုအဖြစ် ၁၉၇ဝ−ပြည့်နှစ်တွင် ဝတ်မှုံ ဂျာနယ်၌ “သနပ်ခါးရေကျဲကျဲ” ကို ကလောင်အမည် “အုပ်စိုး” ဖြင့် စတင် ရေးခဲ့သည်။ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းတွင် ငယ်အိပ်မက်´ ဝတ္ထုကို သုမောင်´ အမည်ခံ၍ ရေးသား ဖော်ပြခဲ့ရာမှ ယနေ့တိုင် သုမောင်´ အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အချစ်´ အမည်ရှိ လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်းဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။ သိပ်ချစ်တယ်မဟုတ်လား (၁၉၇၆)၊ ရှင်နေမင်းမှ ပေးသောစာ (ဘာသာပြန်၊ ၁၉၇၆)၊ ချစ်ချစ်ချစ် ၁-၂-၃ (၁၉၈၀)၊ ဍ နှင့် အခြားဝတ္ထုတိုများ (၁၉၈၃)၊ ကွမ်းစကား (၁၉၉၉)၊ စာမျိုးစုံလင်စာသဘင် (၂၀၀၉) အပါအဝင် လုံးချင်းဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ဘဝအတွေ့အကြုံ စာပေပေါင်းချုပ် စာစုပေါင်း ၆၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

၁၉၉၈ ခုနှစ် စာဖတ်သူ အကြိုက် မန္တလေး စာပေဆုကို အဖေ၏ အမေ ကိုယ်တွေ့ စာတမ်းငယ်ဖြင့် ရရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံ အိုင်အိုဝါး တက္ကသိုလ်၌ ကျင်းပခဲ့သော နိုင်ငံတကာ စာရေးဆရာများ စာပေရေးရာ လုပ်ငန်း (International Writing paragraph) အစီအစဉ်သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသဖြင့် သွားရောက်၍ စာတမ်းတင်ခဲ့သည်။

0 Reviews