BOOK DETAILS

မသိန်းရှင်ဆီပို့ပေးပါ

Language : မြန်မာ
File Info :  epub, kfx

စာအုပ်ကတော့ မဆလ စစ်အစိုးရခေတ်က စားဝတ်နေရေး ကျပ်တည်းမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ လိင်အမြတ်ထုတ်မှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့တဲ့ မှောင်ခိုကုန်ကူးမှုတွေ စတာတွေကို ရထားလိုက်ဘူတာစာရေး ရင်မောင်နဲ့ ထန်းလျက်မှောင်ခိုသမလေး ညိုညိုတို့ကြားက ရင်နင့်ဖွယ် အချစ်ဇာတ်လမ်းနဲ့အတူ ဖတ်ရှုကြရမယ့် နိုင်ဝင်းဆွေရဲ့ “မသိန်းရှင်ဆီ ပို့ပေးပါ” ဖြစ်ပါတယ်။

About Author

နိုင်ဝင်းဆွေ
3 Books

နိုင်ဝင်းဆွေသည် မဟူရာမေတ္တာ ဝတ္ထုဖြင့် ၁၉၆၀-ခုနှစ်ဝန်းကျင်လောက်တွင် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြား လာခဲ့သော စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ စာပေနယ်သို့ ၁၉၆၆ ခုနှစ် ဧပြီလ ရှုမဝမဂ္ဂဇင်း၌ မဟူရာမေတ္တာ အခန်းဆက်ဝတ္ထုရှည်ဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ထိုစာမူဖြင့်ပင် ကျော်ကြားသောပင်ကိုဟန် ဝတ္ထုရေးဆရာတစ်ဦး ဖြစ်ခဲ့သည်။

သူ၏ထင်ရှားသော စာပေလက်ရာများမှာ မဟူရာမေတ္တာ၊ နွေတည၊ မသိန်းရှင်ဆီပို့ပေးပါ၊ မြစပယ်ရုံ၊ ညအင်္သေချေ၊ နိုးတစ်ဝက်အိပ်မက်၊ အချစ်ည၊ ရေဆန်လမ်း၊ ဘဝစာမျက်နှာများ (၁)၊ (၂) စသည်တို့ဖြစ်ကြသည်။ နိုင်ဝင်းဆွေ၏ ဝတ္ထုများသည် နိုင်ငံရေးနောက်ခံနှင့် ရေးသော ဝတ္ထုများ မဟုတ်ပါ။

၁၉၇၈-ခုနှစ် သူ၏ကဗျာနှင့် ဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေပြီးနောက် စစ်အစိုးရမှ လိုက်လံဖမ်းစီးမှုကြောင့် တိမ်းရှောင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီသို့ လွတ်မြောက်ရေးတိုက်ပွဲများ ဆင်နွဲရန် ရောက်ရှိခဲ့သည်။ ၁၉၉၀-ခုနှစ်တွင် မာနယ်ပလော တော်လှန်ရေး ဗဟိုဌာနချုပ်သို့ ရောက်ရှိလာသည်။ ၁၉၉၁-ခုနှစ်တွင် စာပေနှင့် အနုပညာကလပ် (လွတ်မြောက်နယ်မြေ) ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စာပေနှင့် အနုပညာကလပ်မှ ထုတ်ဝေသော သစ္စာရီဗျူး အမှတ်(၁၊၂၊၃)အား အယ်ဒီတာချုပ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ သစ္စာရီဗျူး၊ သနူထူး၊ ဒေါင်းအိုးဝေ၊ လူ့ဘောင်သစ် စာစောင်များတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများ၊ နိုင်ငံရေးစစ်တမ်းများ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ ဆောင်းပါး ၄-စောင်နှင့် သုံးဘက်မြင် အနုပညာစစ်တမ်းကြီးကို ရေးသားခဲ့သည်။

0 Reviews