BOOK DETAILS

သပိတ်မှောက်ကျောင်းသား(ဒုတိယတွဲ)

Language : မြန်မာ
File Info :  epub, kfx

About Author

သိန်းဖေမြင့်
4 Books

ဦးသိန်းဖေမြင့်ကို ၁၉၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့တွင် အဖ မြေတိုင်းစာရေး ဦးဘ၊ အမိ ဒေါ်မြင့်တို့မှ ဖွားမြင်သည်။ ပထမပုံနှိပ်စာမူဖြစ်သည့် ၁၉၃၃၊ ဇန်နဝါရီ ၂ ရက်နေ့ထုတ် သူရိယသတင်းစာပါ ရာဇဝင်ပညာ´ ဆောင်းပါးနှင့် မန္တလေး အင်တာမီးဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ခြင်း´ဆောင်းပါးတို့ကို ဝနေငဖေ၊ ဘုတလင်´ဟူသည့် ကလောင်အမည်ဖြင့် ပထမဆုံး ရေးသားခဲ့သည်။ စာပေဆုများအနေဖြင့် ၁၉၅၈ တွင် အရှေ့ကနေဝန်း ထွက်သည့်ပမာ´စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုရှည်ဆု၊ ၁၉၆၇ တွင် ဝိသေသတိုင်း သမိုင်းအစ´စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) ပထမဆု၊ ၁၉၆၈ တွင် သီတာပြုံး´စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည် စတုတ္ထဆု တို့ကို အသီးသီး ရရှိခဲ့ပြီး ထင်ရှားသော အခြားစာအုပ်များမှာ- တက်ဘုန်းကြီး(၁၉၃၆/၇)၊ တက်ခေတ်နတ်ဆိုး (၁၉၃၈)၊ သပိတ်မှောက်ကျောင်းသား (၁၉၃၉)၊ လမ်းစပေါ်ပြီ (၁၉၄၈/၉၊ ဤဝတ္ထုမှစ၍ မိခင်ဒေါ်မြင့်၏အမည်ကို တွဲဖက်၍ သိန်းဖေမြင့် အမည်ပြောင်း)၊ ဇာတ်ဆရာ ဦးဖိုးစိန်(၁၉၅၂)၊ စစ်အတွင်းခရီးသည်(၁၉၅၃)၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ (၁၉၅၆)၊ ကျော်ငြိမ်း(၁၉၆၁)၊ ဝတ္ထုတိုပေါင်းချုပ်(၁၉၆၆)၊ တစ်ခုသော ငွေရတုသဘင်(၁၉၇၃)၊ ၆၀ ကျော်မှ ရေးသောဝတ္ထုများ(၁၉၇၈) တို့ဖြစ်သည်။ ၁၉၇၈၊ ဇန်နဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ကြည်ကြည်နှင့် သားသမီး ၄ ဦး ကျန်ရစ်သည်။ သိန်းဖေမြင့် ကလောင်အမည်အပြင် ဝနေငဖေ၊ သိန်းနေနွယ်၊ တက္ကသိုလ်အကျော့၊ တစ်ကောင်ကြွက်၊ ဦးကျောက်လုံး၊ သိန်းဖေ၊ တက်ဘုန်းကြီးသိန်းဖေ၊ မောင်တူ စသည်တို့ကို အသုံးပြုရေးသားခဲ့သည်။

0 Reviews