BOOK DETAILS

ငရဲဆိုချိုနဲ့လားဗျို့

Language : မြန်မာ
File Info :  epub, kfx

About Author

ဦးနု
4 Books

ဦးနုသည် ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက်၊ စနေနေ့ နံနက် ၈နာရီ၊ ၃၉မိနစ်၊ ၁၅စက္ကန့် ၌ မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ် အမည် မှာ မောင်ဥ ဖြစ်သည်။ ဦးနုသည် ဝန်ကြီးချုပ်ဖြစ်ခဲ့သည့်အပြင် အောင်မြင်သော ဝတ္ထုရေးဆရာနှင့် ပြဇာတ်ရေးဆရာလည်း ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်က ရေးသားခဲ့သည့် ရက်စက်ပါပေ့ကွယ် ဆိုသည့် ဝတ္ထုတွင် ဦးနုသည် ချမ်းသာသောလယ်ပိုင်ရှင်များ ရမ်းချင်တိုင်းရမ်းခဲ့ကြပုံများကို ပီပြင်စွာသရုပ်ဖော်ခဲ့သည်။ ဦးနုသည် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားစဉ် အတွင်း ရေးသားခဲ့သော လူထုအောင်သံဟူသည့် ပြဇာတ်မှာ မိသားစုတစ်စုတွင် ကွန်မြူနစ်ဝါဒီများကြောင့် ဖရိုဖရဲပြိုကွဲသွားရပုံတို့ကို သရုပ်ဖော်ထားသည်။ ထူးဆန်းသည်မှာ ပြဇာတ်၏ပထမအကြိမ် ထုတ်လုပ်မှုကို ကယ်လီဖိုးနီးယား ပြည်နယ်၊ ပါစေဒီးနားတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အောင်မြင်ကျော်ကြားသည့် ကာတွန်းစာအုပ်အဖြစ် ထွက်လာပြီး အင်္ဂလိပ်ဘာသာဖြင့်လည်း ပြန်ဆိုခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း စစ်အေးတိုက်ပွဲ၏ အထွတ်အထိပ်အချိန်တွင် ရုပ်ရှင်ကားတစ်ကား အဖြစ်ပါ ထုတ်လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အချို့လူများသည် ဤပြဇာတ်ကို ကျောင်းသားဘဝက သင်ယူခဲ့ဖူးကြောင်း မှတ်မိနေကြပေလိမ့်မည်။ တကယ့်အလှ ဟူသည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲ မတိုင်မီက ထုတ်ဝေခဲ့သော ပြဇာတ်တွင် ဦးနုသည် အဆင့်မြင့်နိုင်ငံရေးသမားများနှင့် အထက်သို့ ဆန်တက်နေသည့် ကွန်မြူနစ်များအတွင်းဖြစ်ပေါ်နေသော ခြစားဖောက်ပြန်နေသည့် နိုင်ငံရေးလောကကို အကျည်းတန်စွာ သရုပ်ဖော်ထားသည်။ ၎င်း ပြဇာတ်မှာ ထိုစဉ်အခါက ခေတ်ကို ပေါ်လွင်ထင်ရှားစေသည့်အပြင် မြန်မာစာပေတွင် မရှိသလောက်ရှားပါးသည့် အမျိုးအစားဖြစ်သည်။

ဂါးဒီးယန်းသတင်းစာတွင် အခန်းဆက်အဖြစ် ဖော်ပြခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ ပတ်ဝန်းကျင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အားမနာတမ်းသရုပ်ဖော်ထားပြီး ၎င်းရပ်တည်ချက်သည် သိန်းဖေမြင့်၏ တက်ဘုန်းကြီး ဝတ္ထု၏ ရပ်တည်သရုပ်ဖော်မှုနှင့်လည်း ဆင်တူလှသည်။ တက်ဘုန်းကြီးမှာကဲ့သို့ပင် ‘မ’ ပြဿနာ ဇာတ်ရှုပ်များသည် ရိုးရာမြန်မာ့ယဉ်ကျေးမှု စရိုက်များနှင့် ဆန့်ကျင်သည့် အခြေအနေများကို ဖော်ပြထားရှိသည်။ ဤ တစ်ကြိမ်တွင် ‘မ’ ပြဿနာ အရှုပ်တော်ပုံများမှာ လက်ဝဲ လင်္ကျာ အုပ်စု နှစ်အုပ်စု စလုံးမှ နိုင်ငံရေးသမားများ လောက အတွင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

0 Reviews