BOOK DETAILS
ဤစာအုပ်တွင် ပါဝင်သည်များမှာ အခြားသော ဘာသာရေးစာအုပ်များနှင့် မတူဘဲ တမူထူးခြားသည်။ ဗုဒ္ဓဘာသာကျမ်းအချို့တွင် ချွတ်ယွင်းချက်များရှိနေသည်ကို ဦးအေးမောင်က ကွက်ကွက်ကွင်းကွင်း ဖော်ပြရေးသားထားသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်တို့ သေပြီးနောက် လူသာသေ၍ ဝိညာဉ်သည် မသေဘဲ ရှိသည်ဟု အယူမှား အမှတ်မှားတို့ကိုလည်းကောင်း ဖော်ပြထားပေသည်။
ဦးအေးမောင်သည် အမှာစာတွင် အောက်ပါအတိုင်း ရေးသားထားသည်
ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲမရှိဘဲ ဗုဒ္ဓဓမ္မနှင့် သံဃာအကြောင်း ခြေခြေမြစ်မြစ် စူးစမ်းလေ့လာလိုသော ပုဂ္ဂိုလ်များကို ရည်စူး၍ စီစဉ်ရေးသား ပြုစုထားသော စာအုပ်ဖြစ်သည်။ ဦးချစ်မောင်သည် ဤစာအုပ်တွင် အနောက်တိုင်းမှ ပညာရှင်တို့၏ လေ့လာတွေ့ရှိချက်များ၊ အခြားဘာသာတို့၏ အယူဝါဒများကိုလည်း လေ့လာတင်ပြထားပေသည်။
1 Review
William90
6 months agoစာရေးသူနာမည်မှားနေပါတယ်ခင်ဗျ။ ရေးသူအမည်က စာအုပ်ဖုံးမှာပါသလို ဦးအေးမောင်ပါ။