BOOK DETAILS

ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း

Language : မြန်မာ
File Info :  

epub


ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း သည် ဆန်းလွင် (အရှင်အာဒိစ္စရံသီ) ၏ ကျော်ကြားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်တွင် ဦးဆန်းလွင်သည် အစ္စလာမ်၊ ခရစ်ယာန် စသည့်ဘာသာများမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ပုံကို ရေးသားတင်ပြထားသည်။ သူ၏ ဘဝအတွေ့အကြုံနှင့် ကမ္ဘာပေါ်ရှိ စိတ်ဝင်စားဖွယ်ရာ အတွေးအခေါ်၊ ဝါဒတို့ကိုလည်း ရေးသားဖော်ပြထားသည်။

ဦးဆန်းလွင်သည် သူသည် ဗုဒ္ဓဘာသာဝင်မဖြစ်မီ (၃၅) နှစ်ကာလပတ်လုံး ဘဝဒဿန၊ အတွေးအခေါ်၊ အယူဝါဒတို့ကို လေ့လာခဲ့ပုံကို စာအုပ်တွင်

အကြင်ပုဂ္ဂိုလ်သည် အသိပညာကို လိုလားသည် ဖြစ်အံ့၊ ဘဝသစ္စာကို ရှာလိုသည်ဖြစ်အံ့၊ ယထာဓမ္မကိုသာ မြင်လိုသည် ဖြစ်အံ့၊ ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့ပြီးသော အယူဝါဒ မျိုးစုံကို မွှေနှောက်လိုသည် ဖြစ်အံ့။ ထိုသူအား စင်ကြယ်သော အမြင်ကို ဖြစ်စေခြင်းငှါ ဖွင့်ထားသော စိတ်နှလုံး (open mind) ရှိအပ်၏။ ဖွင့်ထားသော စိတ်နှလုံးရှိသူတိုင်းအား ဤစာကို ဖတ်ရန် ဖိတ်ကြားပါသည်။ ဟု ရေးသားခဲ့သည်။

0 Reviews