BOOK DETAILS

နွမ်းလျအိမ်အပြန်

Language : မြန်မာ
File Info :  azw3

About Author

ကြည်အေး
5 Books

၁၉၂၉ ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းရပ်၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးဟန် နှင့် ဒေါ်ငွေယုန်တို့ဖြစ်၍ ကုန်သည်လုပ်ငန်းလုပ်ကိုင်ကြသည်။ အမည်ရင်းမှာ မကြည်ကြည်တင်မြင့်(ခေါ်) ဒေါ်သောင်းကြည် ဖြစ်သည်။ ကြည်အေး၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမ ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) ၂၀၀၃ ဒုကြိမ် နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

0 Reviews