BOOK DETAILS
မြန်မာပြည်မြောက်ပိုင်းကို ဖတ်နေရင်း ကိုယ်ကိုယ်တိုင် ကချင်ပြည်နယ်ထဲကို ရောက်သွားသလို၊ ကချင်တွေ၊ ရှမ်းတွေ၊ ကသည်းတွေနဲ့တွေ့နေရသလို ခံစားရအောင်ကို ဆရာနတ်နွယ်ရဲ့ အရေးအသားက ကောင်းလှတယ်။ ဇာတ်အိမ်ကျယ်လှပြီး ဇာတ်ကောင်တွေလည်း အများကြီးပါတယ်။ အဲဒီထဲမှာ ကိုယ်သိပ်ကြိုက်တဲ့ ဇာတ်ကောင်တွေက မိန်းမတွေချည်းပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝင်ကျင်လောက်က အင်္ဂလိပ်အစိုးရကို တော်လှန်တဲ့ ခေတ်က အကြောင်းအရာတွေ၊ လူတွေ အကြောင်းရေးထားပေမယ့် ဒီစာအုပ်ထဲမှာပါတဲ့ အမျိုးသမီးဇာတ်ကောင်အားလုံးဟာ သူ့ဟာနဲ့သူ တော်ကြ ထက်မြက်ကြ မြင့်မြတ်ကြတဲ့ အမျိုးသမီးတွေချည်းပဲ။
0 Reviews