BOOK DETAILS
「လူဟာ မိမိကိုယ်ကို အချစ်ဆုံးပဲ။ ဒီသဘောကိုသိထားရင် ခု လာမယ့်စာအုပ်ရဲ့ ခေါင်းစဉ်အတွက် မေးခွန်းတွေပေါ်လာပြီ။
မိမိကိုယ်ကို ဘာလို့စတေးမှာလဲ။ ဘာအကြောင်းတွေကြောင့် စတေးမှာလဲ။
ဇာတ်လမ်းက ဒီလို။
「ထုံးစံအတိုင်း လူ -တ် မှု ပေါ့။ Higashino ရဲ့ လူ -တ် မှုတွေရဲ့ထုံးစံအတိုင်း စ,ကတည်းက ဘယ်သူက ဘာကြောင့် -တ် တယ်ဆိုတာ ပြထားတယ်။
「အိမ်ထောင်ကွဲထားတဲ့ မိန်းမချောတစ်ယောက်နဲ့အထက်တန်းကျောင်းသူ သူ့သမီးလေး။
「သူတို့သားအမိနဲ့ အခန်းချင်းကပ်လျက်မှာ နေတာက သင်္ချာဆရာ လူပျိုကြီး။
「တစ်ရက်မှာ ဒီမိန်းမရဲ့ ကွဲထားတဲ့ယောက်ကျားက သူတို့သားအမိ ဆီရောက်လာပါလေရော။
「ဒီယောက်ျားရဲ့ သည်းမခံနိုင်လောက်တဲ့ အပြုအမူတွေက ဇာတ်လမ်းကို ဘယ်ထိဆွဲခေါ်သွားမလဲ… ?
「အားကိုးရာမဲ့တဲ့ သားအမိ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ရင်း တစုံတယောက်က တခြားသူ တစ်ဦးအတွက် စတေးရလောက်အောင် ဘာတွေဖြစ်လာမလဲ?
「ဒီဝတ္ထုထဲမှာ မိုက်တာက အမှုလုပ်သူနဲ့ အမှုစုံစမ်းဖော်ထုတ်သူရဲ့ ဥာဏ်ချင်းပြိုင်ကြတဲ့ အခန်းတွေပဲ။ ၂ ယောက်လုံးက ဥာဏ်ကြီးရှင်တွေချည်းပဲမို့ ဖွက်သူနဲ့ ဖော်သူတို့ရဲ့ ဥာဏ်ပြိုင်ခန်းက လုံးဝဆရာကျတယ်။
「ဘာတွေဖြစ်ခဲ့ပါတယ်ဆိုတာ စာဖတ်သူက သိနေတဲ့ ကြားကကို အဆုံးမှာ ‘ ဟယ် ‘ ခနဲ ဖြစ်သွားအောင် လုပ်နိုင်တယ်။
【စာရေးသူ ရဲ့ Facebook Page】 - https://www.facebook.com/share/159xY4eE76/
【Facebook Account】 - https://www.facebook.com/share/18ayjMB5P6/
0 Reviews