BOOK DETAILS

ဆွန်ဇု၏စစ်ပညာကျမ်း

Language : မြန်မာ

About Author

စံလှိုင်
1 Book

အမည် - ဦးစံလှိုင်၊ ကလောင်အမည် - စံလှိုင်၊ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့၏။ အဖ - ဦးရောင်၊ အမိ - ဒေါ်ကျင်ယုံတို့ ဖြစ်သည်။ လပွတ္တာမြို့နယ်၊ လှိုင်ဘုန်း ကျေးရွာဇာတိဖြစ်၏။ ၁၉၆၄ ခုနှစ်တွင် ရှာကျုံတရုတ်အမျိုးသားအထက်တန်းကျောင်း အောင်ပြီး တရုတ်ပြည် အမွိုင်တက္ကသိုလ် (စာပေးစာယူ) သို့ ၁၉၆၂ ခုနှစ်တွင် တရုတ်ဘာသာ (အထူးပြု)၊ ၁၉၆၄ ခုနှစ်တွင် သင်္ချာဘာသာ (အထူးပြု) တို့ဖြင့် အသီးသီး တတ်ရောက်ခွင့်ရခဲ့သည်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် လိုက်ပါ၍ သာယာဝတီ၊ သုံးဆယ်၊ သမိုင်း၊ ကျိုက်ဝိုင်းဘုရားပွဲ၊ ကျိုက္ကဆံပြပွဲ စသည်များ၌ တိုင်းရင်းဆေးဆရာအဖြစ် လူနာများအား ကုသပေးခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ရန်ကုန်မြို့ မြန်မာအာယု‌ဗ္ဗေဒဆေးသိပ္ပံ (သိမ်ဖြူ) ၌ တိုင်းရင်းဆေးဆရာများ မွမ်းမံသင်တန်းသို့ တတ်ရောက် ပညာဆည်းပူး သင်ယူခဲ့သည်။ သီပေါ၊မော်လမြိုင်ကျွန်း၊ရန်ကုန်မြို့များ၌တရုတ်ကျောင်းဆရာအဖြစ်တာဝန်ထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ်နှောင်းပိုင်း ဆယ်စုနှစ်တစ်ခုနီးပါး ယနေ့တရုတ်ပြည်စာစောင်၊ တရုတ်ပြည် သတင်းစဉ်စာစောင် စသည်တို့တွင် ဘာသာပြန်အယ်ဒီတာ အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်နှောင်းပိုင်း Myanmar Morning Post တရုတ်သတင်းစာစောင်တွင် အယ်ဒီတာ အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ယခုအခါ တရုတ်တိုင်းရင်းဆေးဆရာ၊ ကုမ္ပဏီဒါရိုက်တာလုပ်ငန်းများ ဆောင်ရွက်လျက် ဇနီးဖြစ်သူ ဒေါ်ရီရီမြင့်နှင့်အတူ အမှတ် (၆၄)၊ ၂၃-လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ စာပေများလည်း ဆက်လက် ရေးသားပြုစုလျက် ရှိသည်။

0 Reviews