BOOK DETAILS
ပျော်ရွှင်ရဖို့အတွက် လိုအပ်တာက “သတ္တိ” ပါတဲ့။ အဲဒီ သတ္တိ အဆင့်ထိရောက်အောင် ဘယ်လိုသွားကြမလဲ။ ဒီစာအုပ်ထဲက အက်ဒလာရဲ့ အတွေးအမြင်တွေက သံလိုက်အိမ်မြှောင်ဖြစ်ပါလိမ့်မယ်။
✅လူမကြိုက်တာခံရဲတဲ့သတ္တိ ရှိပါ ✅ကိုယ့်ကို ချီးမွမ်းလာတာကို ငြင်းပယ်ရဲတဲ့သတ္တိ ရှိပါ ✅ကိုယ့်အရှိအတိုင်း နေရဲတဲ့သတ္တိ ရှိပါ တဲ့။
ဘာလို သတ္တိတွေပါလိမ့်။ သူများမကြိုက်တာခံရတာ မကောင်းဘူး မဟုတ်လား။ သူများ လိုလားအောင် အလိုက်အထိုက်လေး နေပေးရမှာ မဟုတ်ဘူးလား။ ချီးမွမ်းခံရတာ ကောင်းတာပဲလေ။ ဘာလို့များငြင်းပယ်ရမှာလဲ။ အဲဒီသတ္တိတွေက ခင်းဗျားကို ချုပ်ထားတဲ့ နှောင်ကြိုးတွေကနေ လွတ်လပ်စေလိမ့်မယ်။ တဖြည်းဖြည်း အရသာတွေ့ပြီး ပျော်ရွှင်လာစေလိမ့်မယ်။
အက်ဒလာ ထပ်ပြောတာက “ငါတို့ဟာ တစ်ယောက်တည်း ပြီးမြောက်ရမယ့် တာဝန်တွေကို သင်ယူကြတယ်။ လူနှစ်ဆယ်လောက် ပူးပေါင်းပြီး ပြီးမြောက်ရမယ့် တာဝန်တွေအကြောင်းကို သင်ယူကြတယ်။ ဒါပေမဲ့ ငါတို့ဟာ လူနှစ်ယောက်ပေါင်းပြီး ပြီးမြောက်ရမယ့် တာဝန်အကြောင်းကိုတော့ မသင်ယူကြဘူး”တဲ့။
အဲဒီလူနှစ်ယောက်ပေါင်းပြီး ပြီးမြောက်ရမယ့် တာဝန်ဆိုတာ အက်ဒလာပြောတဲ့ “အချစ်” ဆိုတာပါပဲ။ အဲ့ဒီ လူနှစ်ယောက်ပေါင်းပြီး ပြီးမြောက်ရမယ့်တာဝန်က ဘာလဲ ဆိုရင် “ပျော်ရွှင်မှု” ပါပဲ။
“ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဘဝတစ်ခုကို နှစ်ယောက်ပေါင်းပြီး ထူထောင်ဖို့ပါပဲ”
အဲသလိုထူထောင်တဲ့နေရာမှာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ “ငါ့ပျော်ရွှင်မှု”၊ ဒါမှမဟုတ် အခြားသူရဲ့ အကျိုးစီးပွားကို ဆန္ဒရှိတဲ့ “မင်းပျော်ရွှင်မှု” ဆိုတာထက် အဲ့ဒါက ခွဲခြားလို့မရတဲ့ “ငါတို့” ဆိုတာကို တည်ဆောက်ခြင်းပဲ။
အဲဒါဟာ “အချစ်”ပဲ။
0 Reviews