BOOK DETAILS

အဆိပ်သင့်မေမေ

Language : မြန်မာ
Publisher :  Whisper Of Words (https://t.me/TheBookR)
File Info :  

Epub,Kfx


“ပြည်ကြီးတန်ဆာပင်ဖြစ်လင့်ကစား ..တဲ့၊ မိခင်သည် မိခင်သာတည်းတဲ့၊ လူသတ်ဓားပြပင် ဖြစ်လင့် ကစားဖခင်သည်ဖခင်သာတည်းတဲ့၊ နား လည်လား”

“ပြည်ကြီးတန်ဆာဆိုတာဘာလဲမာမီကြီး"

-နေနွယ်ဇင်မြင့် -အဆိပ်သင့်မေမေ

နေညိုရီတဲ့...။ ကဗျာဆန်ဆန်နာမည်လေး...။ စာရေးဆရာတွေနာမည်ပေးတဲ့ တောကမိန်းကလေးပေါ့...။ နာမည်လေးအတိုင်း ဖြူစင်အိဖွေး ကြည့်မဝအောင်လှရက်နိုင်တဲ့ပန်းကလေး...။

လှပခြင်းဟာ ချမ်းသာသူအတွက် ဂုဏ်သရေဖြစ်ပြီး၊ဆင်းရဲသူအတွက်ဒုက္ခတွေပဲဖြစ်စေသတဲ့။

ပန်းကလေးနေညိုရီဟာလည်း ဖူးငုံဘဝကနေ ပွင့်အာတော့မည့်ဆဲဆဲ အချစ်လို့ ခေါင်းစဥ်တပ် မြေနိမ့်ရာ လှံစိုက်ချင်သော မဟာပုရိသ ဖိုသတ္တဝါတို့ လက်တွင်း ဘဝ၏ အလှပဆုံး ဖူးရစ်ငုံဘဝနဲ့ပင် ကြွေကျခဲ့ရတော့တယ်။ . . . အမည်းစက်ကြီးတစ်ခုကိုပိုက်ထွေးရင်း အရိပ်မည်းကြီးတွေလက်ကရှောင်ပြေးရင်း နေညိုရီဟာလည်း အရိပ်အာဝါသတစ်ခုကို ရှာတွေ့ခဲ့တော့တယ်။

အရိပ်ပေးတဲ့တိမ်တိုက်လေးဟာ "အစ်ကို"တဲ့။

ပညာအရည်အချင်း နှစ်တန်းအောင်ရုံသာရှိတဲ့နေညိုရီဟာ အစ်ကို့ကြောင့်ပဲ အသိအလိမ္မာတွေတိုးပြီး ပညာတတ်ကြီးသဖွယ်ဖြစ်လာခဲ့တယ်။ အစ်ကို့သမီးလေး "အင်ကြင်း"ကိုပိုက်ထွေးရင်း အစ်ကို့ကိုလည်း အချစ်ပိုရရင်း အမည်းစက်တွေကိုလည်း ဖုံးရင်း ဖိရင်း...။

ဒါပေမဲ့... အစ်ကိုဟာလည်း နေ့ညိုအမာရွတ်ကြီးကို မြင်သွားတဲ့အခါမှာတော့...။

ဗိုင်းကောင်းကျောက်ဖိနေခဲ့တော့ လူစော်ကားခံရတယ် . . . သားကိုသခင် လင်ကိုဘုရား ကိုးကွယ်ဆည်းကပ်ပြန်တော့ လင်ပစ်ခံရတယ် . . .ဆိုတဲ့နေညိုရီ။

ဒီနေညိုရီဟာလည်း လောကဓံရဲ့ အထုအထောင်းတွေအောက် ပြားပြားမှောက်မလာဘဲ မိန်းမလည် သိန်းကြွယ်ဖြစ်လာတော့တယ်။

သမီးလေးကို‌ခေါ်သွားတဲ့ ဖေဖေလဲဆုံး သမီးလေးကိုစောင့်‌ရှောက်နေတဲ့ ဖွားဖွားလဲဆုံးတော့ အမျိုးတွေဝိုင်းကျဉ်တာကိုခံနေရတဲ့ မိန်းမပျက်မရဲ့သမီး အင်ကြင်းလေးကို အဆိပ်သင့်နေတဲ့ ရင်ခွင်တစ်စုံနဲ့ ဘယ်လိုကာကွယ်သွားမလဲဆိုတာကိုတော့....။

_

ဆရာမ‌နေနွယ်ဇင်မြင့်ရဲ့ အဆိပ်သင့်မေမေစာအုပ်ဟာ ကာရန်လွဲမေတ္တာဆိုတဲ့ခေါင်းစဉ်နဲ့ ဇာတ်ကားပြန်ရိုက်ပြီးသားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း ရုပ်ရှင်သရုပ်ဆောင်တွေအားလုံးဟာ သူ့နေရာနဲ့သူ အပီပြင်ဆုံးသရုပ်ဆောင်ထားပြီးသားပါပဲ။ ဒါပေမဲ့ စာအုပ်ဖတ်ရတဲ့အရသာနဲ့ ရုပ်ရှင်ကြည့်ရတဲ့အရသာ အပုံကြီးကွာတာကို စာချစ်သူတွေအနေနဲ့ အထူးပြောစရာလိုမယ်မထင်ပါဘူးရှင်။ ဒါကြောင့် စာအုပ်ဖတ်ကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်ရှင်။

#နေနွယ်ဇင်မြင့် #အဆိပ်သင့်မေမေ #Review_by_NuNu

About Author

နေနွယ်ဇင်မြင့်
1 Book

နေနွယ်ဇင်မြင့်

ဆယ်ကျော်သက် တက္ကသိုလ် ကျောင်းသူ ဘဝကတည်းမှ စတင်၍ တက္ကသိုလ်နံရံကပ်စာစောင်များ၊ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းများ

ငွေတာရီမဂ္ဂဇင်း၊ အလင်းရောင် မဂ္ဂဇင်း တို့တွင်၊ ဝတ္ထုတိုများ ကဗျာများ၊ စတင်ရေးသားခဲ့သည်။

ကလောင်နာမည်များမှာ စောစိမ့်မွန်၊ စိမ်း၊ ခင်ထွေးငယ် စသည်ဖြင့် အများအပြားရှိခဲ့သည်။

၁၉၇၉ခုနှစ်တွင် ဘွဲ့ရပြီး အထက်တန်းပြ ဆရာမ ဖြစ်သောအခါမှ လုံးချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

နွေလယ်မွန်းတည့်မပူတော့ပါ လုံးချင်းဝတ္ထု မှာ ပထမဆုံး ရေးသားခဲ့သော လုံးချင်းဝထ္ထုဖြစ်သည်။

ဆရာမ လမင်းမိုမို၏ မိခင်ဖြစ်သည်။

0 Reviews