BOOK DETAILS
ဆရာညီပုလေး ရဲ့ စာအုပ်တွေက အတော်လေး ဆွဲဆောင်မှု ရှိတယ်။ အထူးသဖြင့် biography စာအုပ်တွေမှာပါ။
မြေးသူကြီး တို့၊ ထက်မြတဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက် တို့လို အရမ်း အောင်မြင်တဲ့စာအုပ် မဟုတ်ပေမယ့်လည်း ဒီစာအုပ်လေးမှာက classical guitarကို ရူးသွပ်သွားတဲ့ကောင်လေးအကြောင်း ဖတ်ရင်းကနေ ကိုယ်ပါ သူ့နေရာရောက်သွားသလို ခံစားရမှာပါ။
ဆရာညီပုလေးကနေတဆင့် ဇာတ်လိုက်ဇွန်မိုးရဲ့ လေ့ကျင့်မှုတွေ ဇွဲတွေက 90's လူငယ် တွေကို အတော်လေး စိုးမိုးနိုင်ခဲ့တဲ့ စာအုပ်လေး တစ်အုပ်ပါ။
ဇာတ်သိမ်းလေးမှာ ကိုယ်တိုင်ဇွန်မိုးဖြစ်သွားသလို ခံစားရမှာပါ။ စာအုပ်ဆုံးသွားတာတောင် ဆက်ဖတ်ချင်စိတ်ပေါက်အောင် ရေးထားတဲ့ ဆရာညီပုလေးရဲ့ ကလောင်အစွမ်းကိုလဲ ခံစားရမှာပါ။
Guitar ဝါသနာရှင်များ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လေး တစ်အုပ်ပါဗျ....။
အကြံပြုချက်။ ။ သီချင်းနာမည်လေးတွေ တွေ့ရင် you tubeမှာ ရှာနားထောင်ပြီး ဖတ်လိုက် သီချင်းနားထောင်လိုက် လုပ်စေချင်ပါတယ်ဗျ။ #by Stephen
0 Reviews