BOOK DETAILS

ပယ်ရီပယ်ရီချစ်ကန်း

Language : မြန်မာ
File Info :  

Epub, Kfx


ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်တော့ ဂွတ်ဘိုင် ဘလတ်ဒီးမေရီကိုဖတ်ပြီးမှ ဖတ်စေချင်ပါတယ်။ အချို့နေရာတွေမှာ ဘလတ်ဒီမေရီစာအုပ်ထဲက အိမ်ပြန်ပြီးနောက်ပိုင်းလေးတွေပါတော့ အချိတ်အဆက်တစ်ခုရှိမယ်လို့ထင်ပါတယ်။

မင်နုနုက အရင်ကဆရာပါပီယွန်ရဲ့စာအုပ်တွေမဖတ်ဖူးပေမဲ့ အခုနှစ်အုပ်ကိုတော့တော်တော်စွဲသွားပြီလို့ဆိုရပါမယ်။

ပထမဆုံးပြောရမှာတော့ ဆရာပါပီယွန်ရဲ့အရေးအသားတွေပါ။ ပါပီယွန်ဆိုတာကတော့ ပါပီယွန်ဆိုတဲ့အတိုင်းပါပဲ။ အရေးအသားတွေက ထိမိတယ်၊ တိုတယ်၊ ပြတ်တယ်၊ တိုတိုတုတ်တုတ်နဲ့ လိုရင်းရောက်တယ်။ ဝါကျတည်ဆောက်ပုံတွေ ကျစ်လျစ်တယ်။ သူကြုံခဲ့ရတဲ့ ဘဝပေါင်းစုံကို ဒီလိုတိုရှင်းကျစ်လျစ်တဲ့ဝါကျတွေနဲ့ ဖော်ပြတယ်။ ဒါ့ကြောင့်ပဲပါပီယွန်ဆိုတာ နာမည်တစ်ခုရလာတာပဲဖြစ်မယ်လို့ နုနုတော့ထင်မိပါတယ်။

နောက်တစ်ခုက ဆရာပါပီယွန်ရဲ့ကိုယ်ပိုင်ဟန်။ အပေါ်မှာပြောခဲ့သလိုပဲ သူ့ရဲ့ရိုးရှင်းတဲ့ဝါကျပုံတွေနဲ့ ဘဝအမျိုးမျိုးကိုပုံဖော်တာ ကျောင်းသားဘဝ၊ လူငယ်ဘဝ၊ သက်ကြီးပိုင်းဘဝ စသဖြင့်အမျိုးစုံလှတယ်။ တစ်ခုသတိထားမိတာက စာပိုဒ်တွေကို ကလောင်တွေဖျောက်၊ စုထားပြီး ဘယ်ဟာပါပီယွန်ရဲ့စာဖြစ်မလဲရွေးခိုင်းရင်တောင် လွယ်လွယ်ကူကူရွေးနိုင်လောက်တဲ့အထိ သူ့ရဲ့ကိုယ်ပိုင်ဟန်ကပေါ်လွင်‌နေတယ်ဆိုတာပါပဲ။

ဒီပယ်ရီပယ်ရီချစ်ကင်းဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်ထဲမှာလည်း ဝတ္ထုတိုတစ်ပုဒ်ချင်းစီကို မတူညီတဲ့ရသအစုံနဲ့ ဖတ်ရှုကြရမှာဖြစ်ပါတယ်။ ကျောင်းသားဘဝ၊ အလုပ်သမားဘဝ၊ အောက်ခြေသိမ်း စသဖြင့်စုံလင်လှတဲ့ ရောင်စုံရသတွေကိုပေးစွမ်းနိုင်တဲ့အပြင် ဖတ်ပြီးတဲ့အခါသုတ၊ ရသ စုံစုံလင်လင်ပေးစွမ်းနိုင်တဲ့စာအုပ်ဖြစ်တာမို့ ဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

#Review_by_NuNu

0 Reviews