BOOK DETAILS

လူမကြိုက်တာ ခံရဲတဲ့ သတ္တိ

Language : မြန်မာ
Publisher :  Whisper Of Words (https://t.me/TheBookR)
File Info :  

Epub, Kfx, Mobi, azw3 


ဒီစာအုပ်က အကြမ်းစားစိတ်ပညာပဲ၊ ပြောင်းပြန်စိတ်ပညာပဲ၊ တော်လှန်တဲ့ စိတ်ပညာပဲ၊ ရက်စက်တဲ့ ဒဿနပဲ၊ အသုံးချစိတ်ပညာပဲ၊ သတ္တိရှိရတဲ့စိတ်ပညာပဲ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့စိတ်ပညာပဲ။

• စိတ်ပညာနယ်ပယ်က ဖရိုဒ်၊ ယွန်းဂ် တို့နောက် တတိယမြောက်နာမည်ကျော် အက်ဒလာရဲ့ အတွေးအမြင်အဆီအနှစ်တွေကို ထုတ်ယူထားတဲ့စာအုပ်ပါ။ စိတ်ပညာအကြောင်း တီးမိခေါက်မိရှိထားသူတွေအနေနဲ့ကတော့ ဖရိုဒ်ကို သိပြီးသားဖြစ်ကြမှာပဲ။ အက်ဒလာကိုတော့ ကျနော်လည်း မသိခဲ့ပါဘူး။ အက်ဒလာကလည်း လူတွေ သူ့နာမည်ကို မေ့သွားလိမ့်မယ်လို့ ပြောခဲ့တာသိရတယ်။ ဘာလို့ဆို သူ့အတွေးအမြင်ဒဿနတွေက ပညာရပ်‌နယ်ပယ်မှာပဲ တန့်မနေဘဲ လူတွေအသုံးပြုကြတဲ့ ဒဿနဖြစ်သွားမှာမို့ပဲတဲ့။ ဟုတ်တယ်၊ အက်ဒလာစိတ်ပညာက အသုံးချစိတ်ပညာ၊ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲတဲ့စိတ်ပညာပဲ။

• ဒဿနပညာရှင်အဘိုးကြီးနဲ့ လူငယ်လေးတစ်ယောက် အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံနဲ့ရေးထားပြီး အသက်ဝင်လှုပ်ရှားနေတယ်။ အဘိုးကြီးက အက်ဒလာရဲ့ အတွေးအမြင်တွေကို အသုံးပြုဆွေးနွေးပြီးတော့၊ ကျနော်တို့ရဲ့ သံသယတွေ ပြန်မေးချင်တာတွေကို လူငယ်လေးက ကိုယ်စားပြုနေပါတယ်။

About Author

ကက်စပါဇော်
2 Books

ကက်စပါဇော်ကို ၁၉၈၁ ခုနှစ်တွင် မန္တလေးမြို့ စိန်ပန်း၊ ဖောင်တော်ရပ်၌ အဖ ဦးတင်မောင်၊ အမိ ဒေါ်တူးတို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဇော်ဇော်မောင် ဖြစ်သည်။ (၁၉၉၈) ခုနှစ်တွင် အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ နည်းပညာ ဒီပလိုမာ (အဆောက်အဦ) ဘွဲ့ကိုရရှိခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားကာ BBA နှင့် MBA ဘွဲ့များကို ရရှိခဲ့ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီကြီးများတွင် အရောင်းနှင့် စျေးကွက်ဖော်ဆောင်ရေး ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် EY UTW Advisory Limited တွင် Manager (Strategy and Transaction) အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ HR Journal တွင်စီးပွားရေး၊ အရောင်းနှင့် စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ဘာသာပြန်ဆောင်းပါးများ ရေးသားခဲ့သည်။ The Courage to be Disliked (လူမကြိုက်တာခံရဲ့တဲ့ သတ္တိ) ၊ The Courage to be Happy (ပျော်ရွှင်ဖို့လိုအပ်တဲ့သတ္တိ) ၊ The Art of Thinking Clearly (ရှင်းလင်းစွာစဉ်းစားခြင်းအနုပညာ) ၊ The Hidden Harmony (ပုန်းကွယ်နေတဲ့သဟဇာတဖြစ်မှု) စာအုပ်များကိုထုတ်ဝေခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် ဇနီး ဒေါ်မျိုးပပလင်း၊ သား မောင်သုတဇော်တို့နှင့်အတူ နေထိုင်လျှက်ရှိပြီး ဘာသာပြန်စာပေရေးသားခြင်းများကို လုပ်ကိုင်ဆောင်ရွက် လျှက်ရှိပါသည်။

0 Reviews