BOOK DETAILS

ငရုတ်မှန်လျှင် စပ်ရလိမ့်မည်

Language : မြန်မာ
Publisher :  https://t.me/TheBookR
File Info :  

Epub, Kfx 


About Author

မောင်သာရ
3 Books

မောင်သာရ (၁၉၃၁-၂၀၁၆)၏ အမည်ရင်း သိန်းလွင် ဖြစ်ပြီး ၁၉၃၁ ခုနှစ် မွေးဖွားသည်။ မွေးချင်း မရှိပေ။ ဇာတိမှာ မန္တလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားခိုက်မှာ မိဘများ အိမ်ထောင်ပျက်ခဲ့ပြီး မိခင် ကျောင်းဆရာမ၊ အဒေါ်ကျောင်းအုပ် ဆရာမနှင့် ဖွားအေတို့၏ အုပ်ထိန်းမှုအောက်တွင် ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းခဲ့သည်။ အသက် ၁၆ နှစ် မပြည့်မှီမှာပင် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို တနိုင်ငံလုံးမှာ သင်္ချာ ပထမ ရပြီး အောင်ခဲ့သည်။ သို့သော် အသက်မပြည့်သေးသည့်အတွက် တက္ကသိုလ်ဝင်ခွင့် မရခဲ့ပါ။ နောက်တစ်နှစ်တွင်မှ ဂုဏ်ထူးဆောင် ပညာတော်သင် စရိတ်ဖြင့် မန္တလေးတက္ကသိုလ်တွင် စတက်ခဲ့သည်။ ထိုစဉ် ပြည်တွင်းစစ်ဖြစ်ပြီး မန္တလေးကို သူပုန်သိမ်းခဲ့သဖြင့် ကျောင်းတွေအားလုံး ပိတ်ခဲ့ရသည်။ ၁၉၅၁ ခုနှစ်၊ ရန်ကုန်မြို့ရွှေတိဂုံ အလယ်ပစ္စယံ အနောက်တောင်ထောင့် ဇရပ်တဆောင်တွင် ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးက စတင်မွေးဖွား ဖွဲ့စည်းလိုက်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ် - ABFSU) တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေးဗျူရို အတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

၁၉၅၂-၅၃ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ တိုးတက်သော ကျောင်းသားအင်အားစု၊ ဗဟိုကလပ်စည်းအဖွဲ့ဝင်ဖြစ်သည်။

၁၉၅၃ ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးခေါင်းဆောင်ဘဝဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလအစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုစဉ် တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရသည်။

၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမဝမဂ္ဂဇင်းမှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။

၁၉၅၈ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးသမားများနှင့်အတူ စာရေးဆရာများ ဖြစ်ကြသော ဗန်းမော်တင်အောင်၊ သခင်မြသန်းနှင့် မြသန်းတင့် တို့ကိုပါ ဖမ်းဆီးပြီး ကိုကိုးကျွန်း (တကျွန်းအကျဉ်းထောင်) ပို့သည့်အခါ အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရ တိမ်းရှောင် ပုန်းအောင်းနေခဲ့သည်။ ထို့နောက် အကြောင်းကြောင်းကြောင့် နိုင်ငံရေးကို စိတ်ကုန်စွန့်လွှတ်ပြီး စာပေနယ်ထဲ၌သာ ကျင်လည်နေခဲ့သည်။

၁၉၇ဝ ခုနှစ်တွင် "မတ်တပ်ရပ်လို့ လမ်းမှာငို" ဝတ္ထုဖြင့် အမျိုးသား စာပေဆုရခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအထိ ကိုယ်ပိုင် လစဉ်ထုတ် "သာရ" မဂ္ဂဇင်း အပါအဝင် စာရေးသမျှနှင့် ရေးခွင့်အားလုံးအပိတ်ခံရချိန်အထိ လုံးချင်း စာအုပ်ပေါင်း ၆ဝ နှင့် ဝတ္ထုတိုပေါင်း ၃၀ဝ ကျော် ရေးသားခဲ့သည်။ တချို့ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ တချို့ကို ပြည်တွင်း၌ ရုပ်ရှင် ရိုက်ခဲ့သည်။

၁၉၉၉ ဇူလိုင်လတွင် တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်တွင် ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။

အာအက်ဖ်အေ (RFA လွတ်လပ်တဲ့ အာရှအသံ) မှ အပတ်စဉ်ပုံမှန် အနုပညာနှင့် စာပေဆောင်းပါးများ အသံလွှင့်ခဲ့သည်။

သို့သော်လည်း ဝတ္ထုဇာတ်လမ်း ရေးသားခြင်းများ ပြတ်တောက်နေသဖြင့် ၂၀၀၉၊ မတ်လက နှလုံးခွဲစိတ် ကုသမှုခံယူပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသော ဆရာမောင်သာရအား တဖန် ပြန်လည်ရေးသားရန် မိုးမခက မေတ္တာရပ်ခံခဲ့ရာ၊ ဆရာက ရံဖန်ရံခါ ရေးဖြစ်သော ဝတ္ထုများကို ပရိသတ်နှင့် မျှဝေပေးမည်ဟု အဖြေပေးခဲ့သည်။[၁]

မောင်သာရ၏ သမီးမှာ စာရေးဆရာမ ဖြိုးသာရ‎ ဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။

0 Reviews