BOOK DETAILS

Money Mindset Miracles

Language : မြန်မာ
Publisher :  https://t.me/TheBookR
File Info :  

Epub, Kfx


About Author

Mon Halsey
1 Book

၁၉၇၉ ခုနှစ်တွင် ရန်ကုန်မြို့၌မွေးဖွားသည်။ အမည်ရင်းမှာ မြတ်သီရိကျော်ဖြစ်ပါသည်။

မြန်မာအမျိုးသမီးစာရေးသူတစ်ဦး ဖြစ်ပါသည်။ လူ့ဘဝကို အရိုးရှင်းဆုံး၊ အပျော်ရွှင်ဆုံးနှင့် အလွတ်လပ်ဆုံးနေထိုင်သွား နိုင်ရန် လိုအပ်သော မေတ္တာတရား၊ အကောင်းမြင်ဝါဒ Positive Thinking နှင့် အသိ.. သတိရှိမှု Mindfulness ကို အခြေခံကာ တစိုက်မတ်မတ်ရေးသားခဲ့သော စာစုများဖြင့် စာရေးသူတစ်ဦးဖြစ်လာခဲ့ပါသည်။ Money Mindset Miraclese သည်စာရေးသူ၏ ၂၁ အုပ်မြောက်စာအုပ်ဖြစ်ပါသည်။

ပြန်လည်အသုံးပြု၍ရသော စွန့်ပစ်ပစ္စည်းများကို တပ်ဆင်ကာ အနုပညာပြကွက်များအဖြစ် သရုပ်ဖော်ပြသသော သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Installation Artistတစ် ဦးလည်း ဖြစ်ပါသည်။ တကိုယ်တော် အနုပညာပြပွဲများကို ၂ဝ၁၅ မှ ၂ဝ၁၈ ခုနှစ်အထိ ၅ကြိမ်ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့ ရရှိထားပါသည်။ ရန်ကုန်ရှိ International School တစ်ခုတွင် မြန်မာစာနှင့် မြန်မာယဉ်ကျေးမှု Myanmar Language and Culture ဆရာမအဖြစ် ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ရေဒီယိုအစီအစဉ်များ၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ ပြည်တွင်းစား ပြည်ပ Online Media များနှင့် ပုံနှိပ်မီဒီယာ အမျိုးမျိုးတို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အနုပညာရှင်တစ်ဦး အနေဖြင့်လည်းကောင်း... စာရေးသူတစ်ဦး အနေဖြင့်လည်း ကောင်း၊ အတွေးအမြင် ဝေမျှသူတစ်ဦးအနေဖြင့်လည်းကောင်း Speaker တစ်ဦးအခါအားလျော်စွာပါဝင်ပေးလျက်ရှိပါသည်။

ယခုအချိန်တွင် စာရေးသားခြင်း၊ စာသင်ကြားခြင်း..တို့ဖြင့် ရပ်တည်လျက်ရှိပါသည်။ ရန်ကုန်မြို့တွင် နေထိုင်ပါသည်။

0 Reviews