BOOK DETAILS

သူဌေးဖေဖေ ဆင်းရဲဖေဖေ

Language : မြန်မာ
Publisher :  https://t.me/TheBookR
File Info :  

Epub,pdf


အရင်ကမသိခဲ့တဲ့ ငွေရေးကြေးရေးအမြင်တွေကို ဒီစာအုပ်ကပြောင်းလဲပေးနိုင်တယ်ဆိုရင် ယုံနိုင်မလား

အမှန်ပါပဲနော်။ ဒီစာအုပ်မှာတော့ Robert T. Kiosaki က အရင်ကသိခဲ့တဲ့ ငွေကြေးအမြင်ပုံစံဟောင်းတွေထဲက ခွဲထွက်ပြီး နုနုတို့လိုအပ်နေတဲ့ မသိသေးတဲ့ အမြင်သစ်တွေကို ချပေးမှာဖြစ်ပါတယ်။

ဒီလိုဆိုတိုင်း သင်ခန်းစာတွေချည်း တစ်လှေကြီးကျက်ရမယ်လို့ မထင်နဲ့အုံးနော်။ ဒီစာအုပ်မှာက လမ်းပြပေးရုံ အမြင်ဖွင့်ပေးရုံသာဖြစ်ပြီး ရှေ့ဆက်ရမဲ့လမ်းကိုတော့ ကိုယ်တိုင်ပဲလျှောက်ရမှာဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာတော့ ကိုးနှစ်အရွယ်စာရေးသူက သူ့ရဲ့အဖေအရင်း(ဆင်းရဲဖေဖေ)ကို ငွေဘယ်လိုလုပ်ရမလဲလို့မေးရာကနေ စထားပါတယ်။ အဖေအရင်းဖြစ်သူကလည်း သူကိုယ်တိုင်က ချမ်းသာတဲ့သူမဟုတ်လေတော့ နောင်တစ်ချိန်မှာ ချမ်းသာလာနိုင်တဲ့သူငယ်ချင်းဖေဖေ ( ချမ်းသာဖေဖေ) ဆီကို ငွေကြေးနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေယူဖို့ ပညာသင်စေခဲ့ပါတယ်။

ချမ်းသာဖေဖေပြောနေကျစကားက "သူဌေးတွေက ငွေအတွက်အလုပ်မလုပ်ဘူး၊ ငွေကိုပဲပြန်ခိုင်းတယ်၊ လူလတ်တန်းစားတွေသာ ငွေအတွက်အလုပ်လုပ်နေတဲ့ ငွေရဲ့ကျွန်"တဲ့။

ဒီလိုနဲ့ပဲ ချမ်းသာဖေဖေဆီက ငွေကြေးသင်ခန်းစာတွေသင်လာရင်း ကျိကျိတက်သူဌေးတစ်ယောက်ဖြစ်လာတော့တာပေါ့။

ဒီစာအုပ်မှာ တစ်ခုထူးခြားတာက ဆင်းရဲဖေဖေဟာ ဘွဲ့ထူး ဂုဏ်ထူးတွေအများကြီးရထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ပြီးတော့ ချမ်းသာဖေဖေကတော့ သာမန်၈တန်းအောင်ရုံသာရှိတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။

ကဲ... ဒါဆိုရင်တော့ ဒီစာအုပ်လေးကိုဖတ်ပြီး အနာဂတ်‌ပိုက်ဆံအိတ်ကို ဖောင်းနေအောင်ကြိုးစားရအောင်နော်။

#Review_by_NuNu

0 Reviews