BOOK DETAILS

ခေါင်းမော့လိုက်တော့ မင်း ခေါင်းငုံ့လိုက်တော့ သူ

Language : မြန်မာ
Publisher :  https://t.me/TheBookR
File Info :  

Mobi, Epub, Kfx, Azw3


ဒီကာလကြီးမှာ

အသက်ရှူတွေကြပ်လာပြီး မောလာတယ် ဆိုပါတော့ covid 19 လို့ တန်းပြီး သံသယ မဝင်လိုက်ပါနဲ့ဦး

ဆရာမ နုနုရည်အင်းဝရဲ့ စာအုပ်တစ်အုပ်အုပ်ကိုဖတ်နေခဲ့ရင်လဲ ဒီလက္ခဏာတွေဖြစ်နိုင်ပါတယ်

ခေါင်းမော့လိုက်တော့ မင်း ခေါင်းငုံ့လိုက်တော့ သူ တဲ့

ဆရာမရဲ့ တက္ကသိုလ်နောက်ခံ လုံးချင်းက ဒီတစ်အုပ်ပဲ ရှိတယ်လို့ဆိုပါတယ် တစ်ကယ်တော့ တက္ကသိုလ်နောက်ခံလို့ ပြောရရုံပါ

ဖတ်ဖူးနေကျ မောစရာတွေချည်းမဟုတ်ပေမယ့်လို့ မောတော့ မောရတာပါပဲ ဒါပေမယ့် ရယ်စရာလေးတွေ တစ်ချို့တ​လေလဲပါတော့ တွေ့ရခဲတဲ့ ရယ် ပြီး မောစရာ ဆရာမလက်ရာတစ်မျိုးပေါ့

အမှန်တိုင်း ဝန်ခံရရင် အရင်ဖတ်ဖူးတဲ့ စာအုပ်တွေလောက် မစွဲပေမယ့် ပထဝီ နဲ့ ဘွဲ့ရပြီး မြန်မာနိုင်ငံမြေပုံမဆွဲတတ်တဲ့ ကျွန်တော့်လိုကောင် အတွက်ကတော့ တော်တော်တန်တန် heart ထိတဲ့ စာအုပ်ပါ

ဘာကြောင့်ဆိုတာတော့ မဖော်တော့ပါဘူး ဖတ်ကြည့်တဲ့အချိန်ရောက်မှ သြော် ဒါကြောင့်ပါလားလို့ အရသာရှိရှိခံစားလို့ရအောင်လို့ပါ

တက္ကသိုလ်နောက်ခံတွေကို ဆရာဇဝနရဲ့ ဟာသ စာအုပ်တွေလောက် မက်မက်စက်စက်ဖတ်ခဲ့၊ ကြိုက်ခဲ့တာဆိုတော့ ဒီစာအုပ်ကို ဖတ်ရတဲ့အခါ တစ်ခြားတစ်ဖတ်အမြင်ကနေ မြင်တတ်သွားတာ အမြတ်ထွက်ပါတယ်

လောကကြီးထဲမှာ အထူးသဖြင့် ခုလိုခေတ်ကြီးထဲမှာတောင် မျက်နှာငယ် တက္ကသိုလ် ကျောင်းတော်သူ ၊ ကျောင်းတော်သား ဘဝတွေရှိနေသေးတာ မျက်မြင်ကိုယ်တွေ့လေ

စာအုပ်ကို ဖတ်နေရင်း ဖတ်နေရင်း ကိုယ့်ကိုယ်ကိုယ်ပဲ မြင်ယောင် မြင်ယောင်နေမိတယ် လူတိုင်း ကိုယ့်လိုမဟုတ်ပေမယ့် ကိုယ့်လိုလူတိုင်းအတွက် စာနာမိတာပေါ့ ဘွဲ့လက်မှတ်တွေ အသီးသီးကိုင်ပြီး ရထားတဲ့ဘွဲ့နဲ့ မသက်ဆိုင်ရာ နယ်ပယ်တွေမှာ ကျင်လည်နေရတဲ့ ဘဝတူတွေအများကြီးရှိတယ် တစ်ချို့ကတော့ ကိုယ်ဝါသနာပါရာကို ရွေးခဲ့ကြပေမယ့် တစ်ချို့ကတော့ ရွေးချယ်ခွင့်မရှိလို့ကို ရရာအလုပ် လုပ်နေကြရတယ်

ဘွဲ့လက်မှတ်တစ်ခုဟာ ဘွဲ့နှင်းသဘင်ခန်းမထဲက မထွက်ရသေးခင် ယပ်တောင်အဖြစ် ပထမဦးဆုံးအသုံးဝင်တယ်ဆိုတဲ့ စကားများ သိပ်မှန်တယ် အဲဒီနောက်တော့...

ဇင်ဦးမောင် နဲ့ ထွေး ရဲ့အဖြစ်မျိုး

ထွန်းဇော်ထိုက် နဲ့ ညို့ လိုအဖြစ်မျိုးတွေဟာ ကြုံဖူးသူအဖို့ ရူးလောက်စရာတွေပါ

သူ့ခေတ် ကိုယ့်ခေတ် ကွာပေမယ့်လို့ ခုလဲ ဒီသဘောအတိုင်းပါပဲ

ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့်အတွက် ဂုဏ်ပြုထုတ်ဝေတဲ့ ဒီစာအုပ်မှာ ရန်ကုန် တက္ကသိုလ် အပါအဝင် တက္ကသိုလ် အသီးသီးက ဘွဲ့ရတဲ့သူတွေရဲ့ ဘွဲ့ရအလုပ်လက်မဲ့ အခြေအနေ နဲ့

ကျွန်တော့်လို ရထားတဲ့ ပထဝီဘွဲ့လေးအလဟာသ မဖြစ်ရလေအောင် ဝပ်ရှော့လုပ်စားနေတဲ့ သူတွေဘယ်လောက်တောင်များနေပြီလဲ ဆိုတာ မြင်နိုင်ပါတယ်။

About Author

နုနုရည်(အင်းဝ)
4 Books

နုနုရည် (အင်းဝ) သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦး ဖြစ်သည်။ မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ ၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

0 Reviews